Connect with us

Politics, Law & Military

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အတည်ပြုရန်အတွက် UPDJCအစည်းအဝေး အောက်တိုဘာ ၂၈တွင် ကျင်းပမည်

ရန်ကုန်မြို့ရှိ NRPCတွင် စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-ဦးလှမောင်ရွှေ)

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများပြုလုပ် အတည်ပြုရန်အတွက် ပြည်ထောင် စုငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ (UPDJC )အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပနိုင်ရန်စီစဉ်ထားကြောင်း စတုတ္ထ အကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးထံမှ သိရသည်။

” ခုအစည်းအဝေးက ရလဒ်တွေကို UPDJC ကို တင်ပြမယ်။ အတည်ပြုချက်ရရင် UPDJC အဖွဲ့ဝင်တွေက သူတို့ဆောင်ရွက်နိုင်မယ့် ပြည်နယ်/တိုင်းဒေသကြီးတွေ တင်ပြဖို့ရှိတယ်။ အထူးသဖြင့် ပဋိပက္ခမရှိတဲ့ မွန်၊ ကရင်၊ တနင်္သာရီတွေ ပိုပြီး ဖြစ်နိုင်တယ်ပေါ့”ဟု UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသ အလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲ၊ လူမျိုးအလိုက်ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ (တိုင်းဒေသကြီး များ၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီနယ်မြေ)၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းလမ်းညွှန်၊ လုပ်ငန်းကော်မတီ များ၏ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) လုပ်ငန်းလမ်းညွှန် တို့ကို သဘောတူနိုင်ခဲ့သည်။

ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်နေ့အထိ လေးရက် တာ ကျင်းပသော စတုတ္ထအကြိမ် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင် တစ်ခုလုံး ပြန်လည်သုံးသပ်ခြင်း ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.