ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။