ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမွေးမြူမှုအများဆုံးဖြစ်ရာ အလှမွေးငါးအဖြစ်ရောက်ရှိလာသော စုပ်ခွက်ငါးများသည် မြစ်၊ ချောင်း၊ အင်း၊ အိုင်နှင့် ငါးမွေးကန်များအထိ ပျံ့နှံ့လာသည့်အတွက် ဒေသငါးမျိုးရင်းဆုံးရှုံးမှုကြောင့် ယင်းစုပ်ခွက်ငါးများအား မမွေးမြူကြရန် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်းနှင့် မြစ်ချောင်းအင်းအိုင်များတွင် လုံးဝမစွန့်ပစ်ရန် တိုက်တွန်းလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၂ ရက် တွင်ပြောသည်။