မွန်ပြည်နယ် ကျိုက်ထိုမြို့၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး ၇ ဦး ဒဏ်ရာရရှိ

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်အားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေး) Environment, Disasters & Accidents

ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ မရမ်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်(၉၇/၁-၂)ကြား၌ မတ် ၃၁ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၂ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

Toyota Wishယာဉ်သည် လူ ၈ဦးလိုက်ပါလာသော သုံးဘီးဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင်ရောက်တိုက်ခဲ့ရာ အခင်းဖြစ်ပွားရာနေရာတွင် အမျိုးသမီးနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူ ၇ ဦးအား သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်မောင်း(ဖမ်းမမိ)အား သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈/၂၀၂ (ပေါ့လျော့ မှုကြောင့်လူသေမှု၊ သာမန်/ပြင်းထန်နာကျင်စေမှု၊ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့်စုံစမ်း လျက်ရှိကြောင်း သိရသည်။(Xinhua)