နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်၌ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပ

ကယားပြည်နယ် လွိုင်ကော်မြို့သို့ ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပရန် ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကယားပြည်နယ်၌ ဒေသခံလူငယ်များနှင့် အတူ ငြိမ်းချမ်းရေးစကားဝိုင်းကို လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

ငြိမ်းချမ်းရေးစကားဝိုင်းကို ကယားပြည်နယ်မှ ဒေသခံတိုင်းရင်းသားများဖြစ်ကြသော မော်သျှားရယ်၊ မအော်လေးဗီးယာ၊ မအဲလစ်ထွန်း၊ မနှင်းနုဝေ၊ မမို့မို့ထင်ဇော်မွန်၊ ဦးစိုးရာဇာဝင်း၊ ဦးမာရီးယို၊ ဦးဖရားရယ်ရီးလိုစသည့်တိုက ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး စကားဝိုင်းတွင် အစိုးရမှ တာဝန်ရှိသူများ မတရားလုပ်ခြင်းနှင့် အဂတိလိုက်စားခြင်းများ ရှိလျှင် ပြည်သူများက တိုင်ကြားပိုင်ခွင့်ရှိကြောင်း၊ အရေးယူသင့်သူများအား အရေးယူရန် ပြည်သူများက ဝိုင်းဝန်း ကူညီရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးစကားဝိုင်း ပွဲမတိုင်မီ လွိုင်ကော်မြို့ရှိ မြို့နာမ်စေတီသို့ သွားရောက်ဖူးမြော်ကာ ဆရာတော်ကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တောင်ကွဲစေတီကိုလည်း သွားရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားလူမျိုးများ ၊စီးပွားရေးလုပ်ငန်းရှင် လူငယ်များ၊ အမျိုးသမီးများနှင့် နေပြည်တော်တွင် နှစ်ကြိမ်၊ ပင်လုံမြို့တွင် တစ်ကြိမ်၊ ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာတွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး လွိုင်ကော်မြို့တွင် ယနေ့ ကျင်းပသော ငြိမ်းချမ်းရေးစကားဝိုင်း အပါအဝင် ငါးကြိမ်ရှိပြီဖြစ်သည်။(Xinhua)