နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က နှစ်ရက်ဆက်တိုက် ချောင်းမြောင်းပစ်ခတ်၊အရာရှိ စစ်သည်နှင့် ရဲများ ကျဆုံး

ရခိုင်ပြည်နယ်အတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ) Politics, Law & Military

 

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း သြဂုတ် ၂ ရက်နှင့် ၃ ရက် နှစ်ရက်ဆက်တိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် တပ်မတော်တို့အား AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့ကချောင်းမြောင်းပစ်ခတ်သဖြင့် နှစ်ဘက် ထိတွေ့မှုဖြစ်ပွားပြီးနောက် အရာရှိ စစ်သည်များနှင့် အရာရှိ ရဲတပ်ဖွဲ့များ ကျဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ပြောကြားသည်။

" သြဂုတ် ၂ ရက်နေ့က မနက် ၁၀နာရီကျော်က တစ်ကြိမ်၊ နောက်နေ့လည် ၂ နာရီက တစ်ကြိမ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ချောင်းပစ်တယ်၊ အဲမှာ ရဲအရာရှိ ၃ ဦးကျခဲ့တယ်၊ သြဂုတ် ၃ ရက်နေ့မှာလည်း နယ်ခြားစောင့်ရဲ၊ တပ်မတော်၊ လဝက ပါတဲ့ ပူးပေါင်းအဖွဲ့ကို ထပ်ချောင်းပစ်တယ်၊ အဲမှာလည်း တပ်မတော်အရာရှိ၊ ရဲအရာရှိတွေ ကဆုံးတာရော၊ ပျောက်ဆုံးတာရော ရှိတယ်၊ လဝက တစ်ဦးလည်း သေဆုံးခဲ့တယ်" ဟု  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

သြဂုတ် ၂ ရက် နံနက် ၁၀ ကျော်နှင့် နေ့လည် ၂ နာရီခန့်က အင်းဒင်ကျေးရွာ၏ အရှေ့မြောက်ဘက် ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်းပေါ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို AA အကြမ်းဖက်သောင်းကျန်းသူများက ၂ ကြိမ်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲအရာရှိ(၃) ဦးကျဆုံးကြောင်း ၊ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်စစ်ကြောင်းများက စစ်ကူ၊ ပစ်ကူပေးခဲ့ပြီး လိုအပ်သည့်အကြမ်းဖက်နှိမ်နင်းမှုစစ်ဆင်ရေး Counter-terrorism Operation ပြုလုပ်လျက်ရှိကြောင်း သိရသည်။အလားတူ အင်းဒင်ကျေးရွာအနီး၌ သြဂုတ် ၃ ရက် နေ့လည် ၁၂ နာရီခန့်က တပ်မတော်၊ ရဲနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ကို  AA အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့က ထပ်မံချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်၊ ရဲအရာရှိနှင့် လဝက ဝန်ထမ်း အကျဆုံးရှိသည့်အပြင် ပျောက်ဆုံးမှုများလည်း ရှိခဲ့ကြောင်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။ယနေ့(သြဂုတ် ၄ ရက်)တွင် တိုက်ပွဲဖြစ်ပွားမှု ဆက်လက်မရှိသော်လည်း တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိနေကြောင်း ၎င်းကပြောသည်။  (Xinhua)