နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ နေပြည်တော်၌ ကြိုတင်မဲပေး

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ နှင့် ဇနီးတို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၌ ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဇနီးတို့ ကြိုတင်မဲပေးခြင်းကို နေပြည်တော် ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် မဲရုံအမှတ်(၁) တွင် ယနေ့နံနက်ပိုင်း၌ ဆောင်ရွက် ခဲ့ကြသည်။

၎င်းတို့ မဲစာရင်း ပါရှိရာ မဲရုံအမှတ်(၁)တွင် အသက် (၆၀)ပြည့်နှစ် နှင့် အထက် ပုံစံဖြင့်် နံနက် ၈:၀၀ နာရီတိတိတွင် ကြိုတင်မဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ နှင့် ဇနီးတို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၌ ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ)

နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ နှင့် ဇနီးတို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက်၌ ကြိုတင်မဲပေးနေစဉ် (ဆင်ဟွာ)

အဆိုပါ မဲရုံတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် နေထိုင်ကြသည့် အသက် (၆၀) ပြည့်နှစ် နှင့် အထက် ရှိကြသော ပြည်ထောင်စု ဝန်ကြီး အချို့နှင့် အရာရှိကြီးများလည်း နံနက် ၉ : ၀၀ နာရီ၌ မဲပေးခဲ့ကြကြောင်း သိရသည်။ (Xinhua)