ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

နိုင်ငံတော်သို့ အခွန်ပေးဆောင်ကြသော ကုမ္ပဏီများ၏ အခွန်ပေးသွင်းခြင်းလုပ်ငန်းစဉ်တွင် ငွေသား/ချက်လက်မှတ်ဖြင့်ပေးသွင်းနေမှုအစား အီလက်ထရောနစ်ငွေပေးချေမှု စနစ်များဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကဆင်ဟွာကို ဇူလိုင် ၁၈ ရက်တွင် ပြောသည်။

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(ဟောင်း) ဦးဇော်မိုးကို တရားမဝင်ကျွန်းသစ်များသယ်ဆောင်သူများထံမှ ငွေကျပ်၂၄၅သိန်း လာဘ်ယူသောကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။

 

နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အခြေခံပညာ အထက်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ဘော်ဒါဆောင်ရှိသော ကိုယ်ပိုင်ကျောင်းများ၊ ဘော်ဒါနှင့် ချိတ်ဆက်ထားသော ကိုယ်ပိုင်ကျောင်းများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ၊ ကျောင်းများ မပါဝင်ကြောင်း၊ ဖွင့်ခွင့် မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ညနေပိုင်း သမ္မတအိမ်တော်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှု ယန္တရား (NCM:_ National Complaints Mechanism) ထူထောင်ဆဲ ကြားကာလတွင် တိုင်ကြားသည့် အမှုပေါင်း ၃၇၈ မှု အနက် ၂၁၇ မှုတို့ ကို ဖြေရှင်း ပိတ်သိမ်းနိုင်ခဲ့ကြောင်း၊ ကျန်အမှုများကိုလည်း အမြန် ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံအမှတ်(၅၁) တွင် ယနေ့နံနက်ပိုင်း ပြုလုပ်သည့် အမျိုးသား အဆင့် အဓမ္မခိုင်းစေမှု ဆိုင်ရာ တိုင်ကြားမှုယန္တရား (NCM:_ National Complaints Mechanism) အကောင်အထည် ဖော်ရေး အမျိုးသား ကော်မတီ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃၅,၃၅၀ တန်ဖိုးရှိ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar) က ဇူလိုင် ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ် တန်ငွေစက္ကူပုံစံသစ်၏ ပုံသဏ္ဌာန်နှင့် အမှတ်အသားများ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇူလိုင် ၁၆ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။ 

နေပြည်တော်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉ - ၂၀ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလီယံ ၄, ၀၆၈ ဒသမ ၂၂၄ ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့ သည်။

နေပြည်တော်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် အပြင်ကွင်း ပူလွဲပူကျေးရွာရှိ မြေဧရိယာ ၂၅ ဒသမ ၅ ဧကတွင် အဆင့်မြင့် လူနေအိမ်ယာများ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် Myanmar Yatai International Holding Group Co., Ltd. အား လုပ်ကိုင် ခွင့် ပြုခဲ့ရာ အဆိုပါ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဘရတ်ဆင်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

နေပြည်တော်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ပညာရေး ဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်အတွင်း၌ အစိုးရ စက်မှုလက်မှုသိပ္ပံသင်တန်းကျောင်း (GTI) တစ်ကျောင်း ဖွင့်လှစ် နိုင်ရေး လျာထား ဆောင်ရွက်လျက် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော် ထွန်းက ပြည်သူ့လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။