နေပြည်တာ်၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈ - ၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ကဏ္ဍမှ ထုတ်လုပ်မှု တန်ဖိုး ကျပ် ၂၁,၆၃၈ ဘီလီယံ ရှိပြီး စုစုပေါင်း ပြည်တွင်း ထုတ်ကုန်(GDP) ၏ ၂၀ ဒသမ ၅၅ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု ကဏ္ဍ တိုးတက်မှုသည် ယမန်နှစ် ကထက် ပုံသေဈေးနှုန်းများအရ ၇ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရုရှား ဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံအကြား၊ မြန်မာ့ တပ်မတော်နှင့် ရုရှား တပ်မတော်အကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် စစ်သမိုင်းပြတိုက်၌ ယနေ့ နေ့လယ် ကျင်းပသော သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

နေပြည်တော် ဒက္ခီဏသီရိမြို့နယ်တွင် ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်ကြီးအား တပ်မတော်နှင့် အလှူရှင်များ တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းပွဲ၌ မီဒီယာသို့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် ညနေပိုင်းက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ ၃ဦး နှင့် အရပ်သား ၁ဦး စုစုပေါင်း ၄ဦး သေဆုံးပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ဦးနှင့် အရပ်သား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့၌ယနေ့(ဇွန်လ ၂၃ ရက်)တွင်  (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲ သုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်ငွေကျပ် ၃.၃၈ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖျက်ဆီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)

အသက် ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်များအား စစ်မှု ထမ်းစေသည့် ကလေးစစ်သား အသုံးပြုသော စစ်တပ် စာရင်းမှ မြန်မာ့ တပ်မတော်သည် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၉ ရက်နေ့မှ စ၍ လွတ်မြောက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ ညနေ ပိုင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ ပြုလုပ်သော အစိုးရ၏ စတုတ္ထ တစ်နှစ်တာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ ဇွန်၂၂ ရက်နံနက်ပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွါသွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် အငြင်းပွားမှု အပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့်ပတ်သက်၍ လာဘ်ငွေပေးသူနှင့် လာဘ်ငွေယူသူ ၄ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်းအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်သော သတင်းအရသိရသည်။

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငါးရာကျပ်တန် ငွေစက္ကူကို ယခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ ယနေ့ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေးတွင် အဆုံးအဖြတ် ရယူခဲ့ရာ ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ်စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံမပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှုမှာ မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။