ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) 

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကမ္ဘောဇဘဏ်ထဲသို့ ယနေ့ ညနေပိုင်းတွင် ဝင်ရောက်လုယက်ခဲ့သူများအနက် တစ်ဦးအား တစ်နာရီအတွင်း ဖမ်းဆီရးမိထားပြီး ကျန်ကျူးလွန်သူများအား အမြန်ဆုံးဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အတိုးမဲ့ ချေးငွေ ယွမ် သန်း ၈၀ ဖြင့် မြန်မာ့ မီးရထားမှ ဝယ်ယူ ထားသော လူစီးရထားတွဲ အသစ် ၂၈ တွဲ ဝယ်ယူခြင်းအတွက် ယခု ၂၀၂၀ ပြည့်နှစ်အတွင်း အဆိုပါ တွဲအားလုံး ရရှိမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့် က ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက်၌ ရွှေတိဂုံစေတီတော်နှင့် ကျိုက်ထီးရိုး စေတီတော်တို့တွင် ဂေါပက အသစ် များ ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီးနောက်လေးနှစ်တာအတွင်း နှစ်စဉ် အလှူငွေများ တိုးတက်ရရှိခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ငွေကျပ် ၁၀,၇၈၇ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၉ ရက်တွင် သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဇွန် ၈ ရက်(ဆင်ဟွာ)

ရေနံထွက် ပစ္စည်းများအတွက် Oversea market အား မှီခိုမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း လိုအပ် ချက်ကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်တို့တွင် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံတို့ဖြင့် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ယနေ့ နေ့လယ်ပိုင်း၌ ပြောကြားခဲ့ သည်။

နေပြည်တော်၊ ဇွန် ၄ ရက်(ဆင်ဟွာ)

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် လွှတ်တော်အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်ကာလသည် COVID-19 ကာလနှင့် တိုက်ဆိုင်နေပါက စည်းကမ်းချက်အသစ်များ ထပ်မံ ထွက်ရှိလာနိုင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ယနေ့ နေ့လယ်ပိုင်း၌ မီဒီယာများသို့ ဖြေကြားခဲ့သည်။

 

ရန်ကုန် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးရေးအား ယနေ့ ဇွန် ၃ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပဉ္စမနေ့(၂၈ - ၅ - ၂၀) တွင် မိုင်းပြင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးတို့က လက်မှတ်ရေးထိုး တင်သွင်းခဲ့သည့် “ပြည်သူ့ လွှတ် တော် ဥက္ကဌအား တာဝန်မှ ရုပ်သိမ်းရန်” အရေးကြီး အဆိုမှာ အတည် မဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးက ဆုံးဖြတ် ကြေညာခဲ့သည်။

နေပြည်တော်၊ ဇွန် ၁ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများ အဆင်ပြေ သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရန် ရည်ရွယ်ပြီး မဲရုံများ၊ မဲရုံ ဝန်ထမ်းများ တိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်အောင်က အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

ရန်ကုန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ) 

ရှမ်းပြည်နယ် လွိုင်လင်မြို့ နှင့် ကလောမြို့များတွင် စုစုပေါင်း ငွေကျပ် ၇၈.၇၂၅ ဘီလီယံ တန်ဖိုးရှိ ICE (မက်သာအဖက်တမင်း)များ အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ (CCDAC)မှ မေ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။