၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ မော်တော်ယာဉ် အစီးရေ ၅,၈၀၀ ကျော် တင်သွင်းခဲ့

ရန်ကုန်မြို့တွင် သွားလာနေကြသည့် မော်တော်ယာဉ်များအားတွေ့ရစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) 

 ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မှ ဇွန်လ အထိ မော်တော်ယာဉ် အစီးရေပေါင်း ၅,၈၀၀ ကျော် တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကျော်အောင်က   ဆင်ဟွာ သို့  ယနေ့ သြဂုတ် ၁၁ ရက် တွင်ပြောကြားခဲ့သည်။ 

 ပြည်တွင်းသို့ ပြည်ပနိုင်ငံအသီးသီး မှ မော်တော်ယာဉ်အသစ်တင်သွင်းမှုသည် ယခုနှစ် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူစီးမော်တော်ယာဉ်အသစ် အစီးရေ ၅,၈၀၀ ကျော်ကို မှတ်ပုံတင်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း လူစီးမော်တော်ယာဉ်  ၁၅,၂၂၈ စီးတင်သွင်း ခဲ့ကြောင်း သိရသည်။

 “ကျွန်တော်တို့ အခွန်တွေလည်းလျှော့ချလိုက်တော့ ကားဈေးတွေ ကျနိုင်တယ်။ တင်သွင်းသူလည်းပိုပြီးများလာနိုင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ စီးပွားရေးကျဆင်းလာမှုကိုကုစားသောအားဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက  သြဂုတ် ၇ ရက်တွင် လူစီးမော်တော်ယာဉ်များ အတွက် ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခနှုန်းထားများကို ယာဉ်၏ မြင်းကောင်ရေ စက်စွမ်းအားပေါ်မူတည်ကာ စတုတ္ထအကြိမ်မြောက် အခွန်လျှော့ချ  ကောက်ခံမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

 သြဂုတ် ၇ ရက်မှစတင်ကာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် စတုတ္ထအကြိမ်အဖြစ် လူစီးမော်တော် ယာဉ်များကို   အင်ဂျင်ပါဝါအလိုက် ကညန အခွန်များလျှော့ချပေးလိုက်ရာ စက်စွမ်းအား ၁,၃၅၀ စီစီ အောက်ကို ယခင် ၃၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်စွမ်း အား ၁,၃၅၁ စီစီမှ ၂,၀၀၀ စီစီထိကို ယခင် ၅၀ ရာခိုင်နှုန်းမှ ယခု ၂၅ ရာခိုင် နှုန်းသို့လည်းကောင်း၊ စက်စွမ်းအား ၂,၀၀၁ စီစီမှ ၅,၀၀၀ စီစီထိကို ယခင် ၈၀ ရာခိုင်နှုန်းမှ ယခု ၄၀ ရာခိုင်နှုန်း သို့ လည်းကောင်း၊   စက်စွမ်းအား ၅,၀၀၁ စီစီအထက်ကို ယခင် ၁၂၀ ရာခိုင်နှုန်းမှ  ၆၀  ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး လျှော့ချကောက်ခံပေး လျက်ရှိကြောင်း သိရသည်။  ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၈ ရက်အထိ ထုတ်ပေးခဲ့သည့် ယာဉ် အက္ခရာစဉ်များမှာ 4R ၊ HH ၊ 8M ၊ 9V၊ 78 W၊ 18 U၊ 2TLR ၊ HSE တို့ ဖြစ်ကြကြောင်း သိရသည်။  (Xinhua)