ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ထိန်းသိမ်းခံရကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် “ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ” အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည်။ အစည်းအဝေးသို့ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ တက်ရောက်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်

ပြည်ထောင်စုဝန်ကြီးဌာန(၁၁)ခု၏ ပြည်ထောင်စုဝန်ကြီးများကို ယနေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် အသစ်ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ရက်

လူမှုကွန်ရက်တွင် ဘဏ်များပိတ်ထားပြီး ဘဏ်လုပ်ငန်းများ ရပ်တန့်လျက်ရှိကြောင်း ကောလာဟလ သတင်းအချို့ဖော်ပြနေကြောင်းသိရှိရသည်။ ဖြစ်စဉ်အမှန်မှာ ဘဏ်များပိတ်ထားမှုမရှိဘဲယနေ့နံနက်ပိုင်းအချိန်တွင် အင်တာနက်လိုင်းနှင့် ဆက်သွယ်ရေးဖုန်းလိုင်းပြတ်တောက် မှုများကြောင့်သာ လုပ်ငန်းဆောင်ရွက်မှုများ ခေတ္တနှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် ၊ ဇန်နဝါရီ ၃၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့ကို ရွေးကောက်တင်မြှောက်ရန် အစည်းအဝေး လျာထားချက်အား ယနေ့ ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့တွင် ငွေကျပ် ၁.၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပျူခေတ်ရှေးဟောင်းပစ္စည်းများ တွေ့ရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် ခါချဉ်ကုန်းတောင်အား သုတေသနပြုလုပ်ရန် ယနေ့ ဇန်နဝါရီ ၂၉ ရက်တွင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်
တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်ကားလမ်းတွင် ငွေကျပ် သိန်း ၄၈၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC Myanmar)က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာခဲ့သည့် တတိယ အကြိမ် အမျိုးသား လွှတ်တော် ပထမနေ့ အစည်းအဝေးကို ဖေဖော်ဝါရီ (၂) ရက်နေ့နံနက် ၁၀:၀၀ နာရီသို့ ရွှေ့ပြောင်း ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးမှ အရာရှိကြီးတစ်ဦးက ယနေ့ နေ့လယ် ပိုင်း၌ ဆင်ဟွာသို့ အတည်ပြုဖြေကြားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့်

မြန်မာနိုင်ငံ၌မြေဩဇာ၊မျိုးစေ့၊ပိုးသတ်ဆေးစသည့်စိုက်ပျိုးရေးသွင်းအားစုများကိုမှတ်ပုံတင်ခြင်း၊လိုင်စင်ထုတ်ပေးခြင်း၊တင်သွင်းခွင့်ထောက်ခံချက်ထုတ်ပေးခြင်းစသည့် လုပ်ငန်းများအား အွန်လိုင်းစနစ်ဖြင့်ဆောင်ရွက်မည့် Myanmar Agricultural Import Registration System (MAIRS) ကို ဇန်နဝါရီ ၂၇ ရက်မှ စတင် ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၉ ရက်တွင်ပြောသည်။