နေပြည်တော်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး စံပြစီမံကိန်းတွင် ပါဝင်သော နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာ ကျေးရွာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ယနေ့ သွားရောက်ကြည့်ရှုခဲ့ပြီး ရွာသူရွာသားများအား သီတင်းကျွတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန မှ ဦးစီး၍ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Termial 3 ရှိ အစည်းအဝေး ခန်းမ တွင် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ် တို့က တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် မြန်မာကလေးငယ် ၁၅ ဦးအား ဒုတိယအသုတ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူဝိုက်ဆေးရုံကြီးတွင် အခမဲ့စရိတ်ငြိမ်း ကုသပေးမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း(CECCM) စတင်ထူထောင်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၂၈ ရက် ညပိုင်း အချိန် တွင် ရန်ကုန်မြို့ရှိ Pan Pacifice ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၉ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားကို မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ (MICC-2) ၌ ယနေ့စက်တင်ဘာ ၂၆ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်ဟူနန်ပိုးလမ်းမကြီးဆက်သွယ်ရေး စင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေ Shangrila Hotelတွင် ကျင်းပခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်သည့် ၂၀၁၈ ခုနှစ် တရုတ် ရိုးရာ လမုန့်ပွဲတော် အခမ်းအနား အား စက်တင်ဘာ ၂၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Pan Pacific ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကူမင်း ဆေးဘက်ဆိုင်ရာ တက္ကသိုလ် အမှတ်(၂) ဆေးရုံ မှ ဆရာဝန် များ မှ မြန်မာ နိုင်ငံ ရှိ မျက်စိ အတွင်းတိမ် လူနာ များအား အခမဲ့ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးသည့် "၂၀၁၈ ခုနှစ် မြန်မာ နိုင်ငံ အလင်းရောင် ခရီးစဉ်" လှုပ်ရှားမှု ကို စက်တင်ဘာ လ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီး တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း တို့မှ ပူးပေါင်းဆောင်ရွက် သည့် မြန်မာ နိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန် တွင် ဆောင်ရွက်ရမည့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်း အချိန် တွင် ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အနောက်ဘက်မုဒ် ရှိ ဗုဒ္ဓဝင်ပြခန်း တန်ဆောင် တွင် စတင် ကျင်းပ ပြုလုပ် ခဲ့သည်။

ရေတာရှည်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာမြို့နယ်နှင့် ရေတာရှည်မြို့နယ် အနီးဝန်းကျင် ရေမြုပ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် ၁၀ ရက်အတွင်း ပိုမိုမြန်ဆန်လာပြီ ဖြစ်ကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ဆင်ဟွာကို ပြောသည်။