နယူးဒေလီ၊ မတ် ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ဒုတိယအဆင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်က စတင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယအဆင့်တွင် အသက် ၆၀ နှစ်အထက်နှင့် ရောဂါအခံရှိသူ အသက် ၄၅ နှစ်အထက်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်သည်။

ဗီယင်ကျန်း၊ မတ် ၃ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀,၀၀၀ ခန့်အား တရုတ်နိုင်ငံမှ လှူဒါန်းထားသော Sinopharm ကာကွယ်ဆေး အသုံးပြုလျက် မတ်လနှင့် ဧပြီလအတွက် COVID-19 တိုက်ဖျက်ရေး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

တိုကျို၊ မတ် ၃ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် Pfizer- BioNTech ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် လူတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း၊ ၎င်းမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးနောက် ဂျပန်နိုင်ငံ၌ ပထမဆုံး လူသေဆုံးမှုဖြစ်ကြောင်း၊ သေဆုံးမှုမှာကာကွယ်ဆေးထိုးနှံခြင်းနှင့်သက်ဆိုင်မှုရှိမရှိ အတိအကျ မသိရသေးကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ကွာလာလမ်ပူ ၊ မတ် ၃ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံက တရုတ်နိုင်ငံ၏ ဇီဝဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးကို အသုံးပြုရန်အတွက် အခြေအနေရခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

မနီလာ၊မတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac CoronaVac ကာကွယ်ဆေးများတင်ဆောင်လာသော လေယာဉ်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ရာ ယင်းမှာ ဖိလစ်ပိုင်ငံသို့ COVID-19 ကာကွယ်ဆေး ပထမဦးဆုံးရောက်ရှိလာခြင်းလည်း ဖြစ်သည်။

မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန် Sinovac ကာကွယ်ဆေးများ ပေးပို့လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။

မနီလာ ၊ မတ် ၁ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကုမ္ပဏီထုတ် CoronaVac ကာကွယ်ဆေး ရောက်ရှိလာပြီးနောက် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်အား ယနေ့ မတ် ၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ ဆေးဝန်ထမ်းစသည့် ရောဂါကူးစက်မှုအန္တရာယ်များသည့်လူအုပ်စုများကို တရုတ်နိုင်ငံ Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးAnutin Charnvirakul အပါအဝင် ကက်ဘိနက်အဖွဲ့ဝင် (၅)ဦးက ကာကွယ်ဆေးထိုးနှံမှုကို ဦးစွာခံယူခဲ့ကြောင်းသိရသည်။

ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ Sinovac Biotech၏ ကိုဗစ်ကာကွယ်ဆေး မှတ်ပုံတင်လျှောက်ထားမှုကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဖေဖော်ဝါရီ ၂၂ ရက်တွင် ခွင့်ပြုပေးခဲ့ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakulက ဖေဖော်ဝါရီ ၂၃ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပြောကြားခဲ့သည်။

ဘန်ကောက် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ Sinovac Biotech ကုမ္ပဏီထံမှ မှာယူထားသော COVID-19 ကာကွယ်ဆေး ပထမသုတ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းမှာ ထိုင်းနိုင်ငံအတွက် အမျိုးသား ကာကွယ်ဆေး ထိုးနှံရေး အစီအစဉ် စတင်ရန် လမ်းကြောင်းပေါ်သို့ တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။