ပေကျင်းမြို့ရှိ လယ်ယာထွက်ကုန်ဈေး ၂၇၆ ခုတွင် ပိုးသတ်ဆေးဖျန်း

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရှင်းဖားတိ လက်ကားဈေးကြီးတွင် ယာဉ်ရပ်နားရန်နေရာယူနေသည့် လော်ရီကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ) CHINA

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကောင်းမွန်စွာထိန်းချုပ်ရန် တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ လယ်ယာထွက်ကုန်ဈေး ၂၇၆ ခုကို ပိုးသတ်ဆေးဖျန်းခဲ့ပြီး မှောင်ခိုဈေးနှင့် တစ်စိတ်တစ်ပိုင်းမှောင်ခိုဈေး ၁၁ ခု ကိုလည်း ဇွန် ၁၆ ရက် နံနက် ၆:၀၀ နာရီမှစ၍ ပိတ်ခဲ့ကြောင်း ပေကျင်း မြူနီစီပယ် ဈေးကြီးကြပ်ရေးဗျူရို ဒုတိယ ညွှန်ကြားရေးမှူး ချန်းယန်ခိုင်က ယနေ့ (ဇွန် ၁၆ ရက်) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ထို့ပြင် စားသောက်ဆိုင် ၃၃,၁၇၃ ဆိုင်ကိုလည်း ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း ချန်းက ဆိုသည်။ တရုတ်နိုင်ငံ ပေကျင်းမြို့ အနောက်တောင်ပိုင်း ဖုန်းထိုင်ခရိုင်ရှိ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် သားငါး လက်ကားဈေးကြီးဖြစ်သော ရှင်းဖားတိဈေးနှင့် ဆက်စပ်ရာမှ COVID-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာသည်ကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းမြို့တော်တွင် ရပ်ရွာအဆင့် ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို အခိုင်အမာလုပ်ဆောင်လျက်ရှိသည်။ ပေကျင်းမြို့တွင် ဇွန် ၁၁ ရက်မှ ၁၅ ရက်အထိ COVID-19 ရောဂါ ပြည်တွင်းကူးစက်မှု ၁၀၆ ဦးရှိကြောင်း သိရသည်။  (Xinhua)