ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆၈)ဦးအား ထပ်မံတွေ့ရှိခဲ့ပြီး (၂)ဦးထပ်မံသေဆုံးခဲ့သဖြင့်  ယနေ့ စက်တင်ဘာ ၁၈ ရက်   ည (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၄၄၆၇)ဦး နှင့်  သေဆုံးသူစုစုပေါင်း (၇၀)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ဓာတ် ခွဲ အတည်ပြု လူနာ များအနက် ယနေ့ (စက်တင်ဘာ ၁၈ ရက်) ညနေ ၄ နာရီထိ ၇ ဦး ထပ်မံ သေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၆၈ ဦး ထိ ရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၅၆)ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၁ဦးထပ်မံသေဆုံးခဲ့ကာ ယနေ့အထိ သေဆုံးသူစုစုပေါင်း ( ၆၁)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၈ရက်နံနက်၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၁၇ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၄၈ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း (၄,၀၄၃) ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၃နာရီထိ သေဆုံးသူ ၁၁ ဦးထိရှိလာသဖြင့် သေဆုံးသူ စုစုပေါင်း ၅၇ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

COVID-19 ရောဂါတွေ့ရှိမှုများလာခြင်းကြောင့်လည်းကောင်း ၊ မြို့နယ်အချို့ တွင် Stay at Home အစီအစဉ် ဆောင်ရွက်ခြင်းတို့ကြောင်းလည်းကောင်း COVID-19 ကာလအတွင်း YBS စီးနင်းမှုအများဆုံးဖြစ်သော ၁၂ သိန်းကျော်မှ ၄ သိန်းကျော် အထိ ၃ ပုံ ၂ ပုံ ခန့် လျော့နည်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဦးလှအောင်က ဆင်ဟွာသို့ စက်တင်ဘာ ၁၇ ရက်တွင် ပြောသည်။

နေပြည်တော်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နယ်စပ် ကုန်သည်များအနေဖြင့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အစီအစဉ်အရ သီတင်းတစ်ပတ်တာ ယာယီ Lock down ချထားသော ရွှေလီမြို့၏ အခြေအနေများ ကို စောင့်ကြည့်ပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းများအား ချိန်ဆ ဆောင်ရွက်သင့်သည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ဖြေကြား ခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇  ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ဖျားနာကုဆေးခန်း (Fever Clinic) များတွင် COVID-19 ရောဂါပိုး ရှိ/မရှိစစ်ဆေးနိုင်ရန်အတွက်  ဓာတ်ခွဲနမူနာ( Swab Test ) ရယူခြင်းများကို မကြာမီစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က ဆင်ဟွာသို့ စက်တင်ဘာ ၁၇ ရက်တွင်ပြောကြားသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၄၆ ဦးထိရှိလာကြောင်း ယနေ့ (စက်တင်ဘာ ၁၇ ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ယနေ့ ( စက်တင်ဘာ ၁၆ ရက်) ညပိုင်းတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၈၅) ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူလည်း ၄၀ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။