မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ (၁၂၁)ဦးရှိပြီး ရောဂါပိုးကင်းစင်သူ (၉)ဦးနှင့် သေဆုံးသူ (၅) ဦး ထိရှိလာ

MYANMAR

ရန်ကုန်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

 မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာ ၂ဦး ယနေ့ ဧပြီ ၂၁ ရက်တွင် ထပ်မံတိုးလာသဖြင့် ရောဂါပိုးရှိသူ (၁၂၁)ဦး၊ ရောဂါပိုးကင်းစင်သူ (၉)ဦးနှင့် သေဆုံးသူ (၅) ဦးထိရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သေ ာသတင်းးအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏  ဧပြီ ၂၁ ရက် ညနေတွင် (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၅) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၁၈၃) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိ ကြောင်း သိရသည်.။

အဆိုပါရောဂါပိုးရှိသူ ၂ဦးသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တို့မှ ဖြစ်ကြောင်း သိရသည်။ဧပြီ ၂၀ ရက် နေ့လယ် (၁၂:၀၀) နာရီမှ  ဧပြီ ၂၁ ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၃)ဦး ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)