ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ အား ဒီဇင်ဘာ ၂၇ ရက် နံနက် ၈:၀၀ နာရီအချိန် မှစ၍ Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီဇင်ဘာ ၂၆ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ရန်ကင်းပညာရေးကောလိပ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထား သော COVID-19 ကုသရေးဌာနများကို အချိန်မရွေး ပြန်လည်အသုံးပြုနိုင်သည့် အနေအထားဖြင့် ပိတ်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် ဓာတ်ခွဲနမူနာပေါင်း ၁၉,၅၄၃ ခုအားစစ်ဆေးခဲ့ပြီး  COVID-19 ဓာတ်ခွဲအတည်ပြုလူနာ  ၇၅၈ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့ရှိမှု ၃ ဒဿမ ၉ ရာခိုင်နှုန်းရှိသောကြောင့် COVID-19  ဒုတိယလှိုင်းတွင် စံချိန်သစ်တင် ပိုးတွေ့ရှိမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)  ရေးသားသူ/အေးလပြည့်

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖြစ်ပွားလျက်ရှိသော COVID-19‌ ရောဂါပိုး၏ အနေအထားကို သိရှိနိုင်ရန်အတွက် ဒီဇင်ဘာလ၌ မျိုးဗီဇ တစ်ခုလုံးကိုစစ်ဆေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က  ဆင်ဟွာသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ပြောသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ ၇ ရက် ဆက်တိုက် ၄ ရာခိုင်နှုန်းကျော်သာရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

 

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်မှု ၅ ရာခိုင်နှုန်းအောက်ဆက်တိုက်ကျဆင်းလျက်ရှိသော်လည်း ကမ္ဘာ့နိုင်ငံတစ်ခု၏ သုတေသနပြုလုပ်ဆောင်ချက်အရ COVID-19 မျိုးဗီဇပြောင်းလဲမှုအားတွေ့ရှိခဲ့ရကြောင်း၊ ယင်းမျိုးဗီဇပြောင်းလဲ ရောဂါ၏ကူစက်မှုနှုန်းသည် ၇၀ရာခိုင်နှုန်းခန့် ပိုမြန်သောကြောင့် လက်ရှိအခြေအနေအားမပေ့ါဆသင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၄ ရက် တွင်ပြောသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ရှိ သမ္မတရုံး ဝန်ထမ်း ရှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး အဆိုပါ ဝန်ထမ်းများသည် အကြီး အကဲများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသူများ မဟုတ်သောကြောင့် အကြီးအကဲများအတွက် စိုးရိမ်စရာ မရှိကြောင်း သမ္မတအိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ facebook စာမျက်နှာတွင် ယနေ့ ညပိုင်း၌ ဖြေကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်


၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၃,၀၇၂ ခုအား စစ်ဆေးရာ COVID-19ရောဂါပိုးရှိသူ ၉၂၃ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၃ ဦးရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) ရေးသားသူ / စိုးသန်းလင်း

ပြည်ထောင်စု နယ်မြေ နေပြည်တော်၌ COVID-19 ရောဂါပိုးတွေ့ရှိသူ ဦးရေသည် ဒီဇင်ဘာလအတွင်း တစ်ဆခွဲခန့် တိုးလာသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နေပြည်တော် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လူနာသစ် ၉၆၄ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရှိမှုနှုန်းမှာ ငါးရက်ဆက်တိုက် ၅ ရာခိုင်နှုန်းအောက် ရှိလာနေခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။