ဂျနီဗာ၊ မတ် ၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မိတ်ဖက်အဖွဲ့များမှ ပူးတွဲအကောင်အထည်ဖော်ထားသော နိုင်ငံတကာ ကာကွယ်ဆေးကမ်ပိန်း COVAX က နိုင်ငံပေါင်း ၂၀ ထံ COVID-19 ကာကွယ်ဆေး သန်း ၂၀ ကျော် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း WHO အကြီးအကဲက မတ် ၅ ရက်၌ ပြောကြားခဲ့သည်။