တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် စီမံဆောင်ရွက်ရန် သမ္မတရှီ ပြောကြား 

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC)စီးပွားရေးကဏ္ဍအစုအဖွဲ့လိုက်ဆွေးနွေးပွဲသို့ မေ ၂၃ ရက် နံနက်ပိုင်းက သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကြားနာစဉ်(ဆင်ဟွာ) CPPCC

ပေကျင်း၊ မေ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၂၃ ရက် နံနက်ပိုင်းက တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC)စီးပွားရေးကဏ္ဍအစုအဖွဲ့လိုက်ဆွေးနွေးပွဲသို့ တက်ရောက်ကြားနာ၍ ညွှန်ကြားချက်ပေးခဲ့ကြောင်း သိရသည်။

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC)စီးပွားရေးကဏ္ဍအစုအဖွဲ့လိုက်ဆွေးနွေးပွဲသို့ မေ ၂၃ ရက် နံနက်ပိုင်းက သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကြားနာစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC)စီးပွားရေးကဏ္ဍအစုအဖွဲ့လိုက်ဆွေးနွေးပွဲသို့ မေ ၂၃ ရက် နံနက်ပိုင်းက သမ္မတ ရှီကျင့်ဖိန် တက်ရောက်ကြားနာစဉ်(ဆင်ဟွာ)

အဆိုပါဆွေးနွေးပွဲတွင် သမ္မတရှီကျင့်ဖိန်က လက်ရှိ နိုင်ငံတကာတွင် ကိုယ်ကျိုးစီးပွားကာကွယ်ရေး အယူအဆဝါဒများ ခေါင်းထောင်လျက်ရှိကြောင်း၊ သို့သော်မိမိတို့အနေဖြင့် သမိုင်း၏မှန်ကန်သည့်ဘက်မှရပ်တည်ကာ  ဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာဆက်ဆံရေး ဒီမိုကရေးစီအသွင်ကို  ခိုင်မာစွာလက်ကိုင်ထား၍ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အများအကျိုးဖြစ်ထွန်းစေမည့် ဘုံအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်သည့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေးစနစ်ကို တည်ဆောက်ရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။  (Xinhua)