ပေကျင်း၊ မေ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ၏ နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးကာလအတွင်း သမ္မတရှီကျင့်ဖိန်သည် အမျိုးသားအဆင့် ဥပဒေပြုရေးအမတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ဆောင်ရွက်ခဲ့ရာ ထိုအတွင်း အသေးအဖွဲကိစ္စများအထိ ဂရုတစိုက် ပြောဆိုဆွေးနွေးခဲ့မှုများလည်းအပါအဝင်ဖြစ်သည်။ ယခုဗီဒီယိုမှာ ကိုယ်စားလှယ်များနှင့် သမ္မတရှီကျင့်ဖိန်ဆွေးနွေးခဲ့မှုများမှ သက်ဆိုင်ရာဒေသအသီးသီးတွင် အကျိုးကျေးဇူးများစွာရရှိခဲ့ပုံများကို ကိုယ်တွေ့အဖြစ်အပျက်များအဖြစ် ရင်ဖွင့်ပြောကြားထားမှုများကိုမှတ်တမ်းတင်ရိုက်ကူးထားသည့် မှတ်တမ်း ဗီဒီယိုဖိုင်ဖြစ်ပါသည်။(Xinhua) 

ပေကျင်း၊ မေ ၂၄ ရက်(ဆင်ဟွာ)

COVID-19ကပ်ရောဂါသည်သာ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံ၏ ဘုံရန်သူဖြစ်ပြီး အပြန်အလှန် အားပေးဖေးမကူညီခြင်းကသာ နှစ်နိုင်ငံပြည်သူများ၏တူညီသည့် စိတ်ဆန္ဒဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မေ ၂၄ ရက် two session သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ပေကျင်း၊ မေ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မေ ၂၃ ရက် နံနက်ပိုင်းက တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုညီလာခံ(CPPCC)စီးပွားရေးကဏ္ဍအစုအဖွဲ့လိုက်ဆွေးနွေးပွဲသို့ တက်ရောက်ကြားနာ၍ ညွှန်ကြားချက်ပေးခဲ့ကြောင်း သိရသည်။

ပေကျင်း ၊ မေ ၂၃ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသား ကော်မတီ၏ တတိယ အကြိမ်အစည်းအဝေး၏ ပူးတွဲအုပ်စုလိုက် အစည်းအဝေးသို့ တက်ရောက်နေသော စီးပွားရေး ကဏ္ဍမှ အမျိုးသား နိုင်ငံရေး အကြံပေးများနှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ ကြိမ်မြောက် အစည်းအဝေး အစိုးရ လုပ်ငန်း အစီရင်ခံစာ တွင် နိုင်ငံပိုင် လုပ်ငန်း ကုမ္ပဏီများ ၏ ပြုပြင်ပြောင်းလဲမှု ရလဒ် များကို မြှင့်တင်သွားရန် နှင့် အနာဂတ် ၃ နှစ်တာ ကာလ အတွင်း ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှု များကို မေလ ၂၂ ရက် တွင် တင်ပြ ခဲ့သည်။

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင် ၊ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၊ အမြဲတမ်းအမှုဆောင် ကော်မတီ ဥက္ကဋ္ဌ လိကျန်ဆူး က မေလ ၂၂ ရက် တွင် ကျင်းပပြုလုပ်ခဲ့သည့် ကျန်းရှီး ပြည်နယ် ကိုယ်စားလှယ် အဖွဲ့ နှင့် အစည်းအဝေး တွင် ကျန်းရှီးပြည်နယ် အစိုးရ ၏ လုပ်ငန်း အစီရင်ခံစာ အား ပြန်လည်သုံးသပ်မှု ပြုလုပ် ခဲ့ပြီး ကိုယ်စားလှယ် များ၏ ပြောဆိုမှုများအား ကြားနာကာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လုပ်ငန်းရှုထောင့်ပေါင်းစုံတွင် ပြည်သူဗဟိုပြုဒဿနကို လိုက်နာကျင့်သုံးရန် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး ပထမနေ့ ဆွေးနွေးပွဲအတွင်း ပါဝင်ဆွေးနွေးခဲ့ချိန်က အလေးထားပြောကြားခဲ့သည်။

ပေကျင်း၊မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့်COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားခဲ့ရသည့် ဆုံးရှုံးမှုများကို နည်းနိုင်သမျှနည်းပါးအောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ကပ်ရောဂါ အဆုံးသတ်သွားခြင်း မရှိသေးသော်လည်း ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရာတွင် ရင်ဆိုင်ရသော လုပ်ငန်းတာဝန်များက ကြီးမားကြောင်း ၊ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုများကို လျှော့ချရန် နှင့်ယခုနှစ်တွင် စီးပွားရေး နှင့် လူမှုရေး ဖွံ့ဖြိုးရေး အတွက် လုပ်ငန်းတာဝန်များနှင့် အဓိက ရည်မှန်းချက်များကို ဖြည့်ဆည်းရန် မိမိတို့၏ ကြိုးစားမှုများကိုနှစ်ဆတိုးရမည် ဖြစ်ကြောင်း ယနေ့ပေကျင်းမြို့ပြည်သူ့ခန်းမကြီးတွင် ကျင်းပ သည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေးသို့ တင်သွင်းသော  အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။  (Xinhua)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ မေ ၂၂ ရက် ယနေ့တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော တရုတ်နိုင်ငံ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။ 

အစည်းအဝေး တက်ရောက်လာသူများသည် COVID-19 ရောဂါ တိုက်ဖျက်ရေးလုပ်ဆောင်စဉ် အသက်သေဆုံးသွားခဲ့သည့် အာဇာနည်များနှင့် ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့သည့် နိုင်ငံသားများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိတ်ဆိတ်ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြသည်။ 

တိတ်ဆိတ်ငြိမ်သက်စွာ ဂုဏ်ပြုခဲ့ကြပြီးနောက် ဝန်ကြီးချုပ် လီခဲ့ချန်က နိုင်ငံတော်ကောင်စီ၏ ကိုယ်စား အစိုးရ လုပ်ငန်းအစီရင်ခံစာကို ဆွေးနွေးရန် ကွန်ဂရက်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

ပေကျင်း၊မေ ၂၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ထိပ်သီးနှစ်ပတ်လည်အစည်းအဝေးနှစ်ရပ်ကို မေ ၂၁ ရက်နှင့် မေ ၂၂ ရက် တို့တွင် တရုတ်နိုင်ငံပေကျင်းရှိ ပြည်သူ့ခန်းမကြီး၌ စတင်ကျင်းပခဲ့ရာ နိုင်ငံရေးအကြံပေးများ နှင့် မီဒီယာများ မေးမြန်းဆွေးနွေးမှုမည်သို့ဆောင်ရွက်နေသည်ကို ဆင်ဟွာသတင်းထောက် ကျောက်ရွှိ မှ သွားရောက်ကာ ရိုက်ကူးတင်ဆက်ထားသည့် ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua)