ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ 

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်သူ့ကျန်းမာရေးဥပဒေကို ခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အသစ်ရေးဆွဲထားသော ဇီဝလုံခြုံရေးဥပဒေ မူကြမ်းကို ယခုနှစ်အတွင်း ပြန်လည်သုံးသပ်ရန်နှင့် အတည်ပြုရန် မျှော်မှန်းထားကြောင်း ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယမြောက်အစည်းအဝေး ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရဲဆွေ့က မေ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြု နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ မေ ၂၁ ရက် မွန်းလွဲပိုင်းက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဖြစ်သော တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ (CPPCC) အမျိုးသားကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို မြို့တော် ပေကျင်း၌ မေ ၂၁ ရက် မွန်းလွဲပိုင်းတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း ၊ မတ် ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် အချိန်တစ်ရက်တည်းတွင် နှာခေါင်းစည်း အခုရေ ၁၁၆ သန်းထုတ်လုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လုပ်နိုင်ခဲ့သော အရေအတွက်ထက် ၁၂ ဆ ပိုမိုများပြားခဲ့ကြောင်း ၊ ယင်းမှာ အမြင့်ဆုံး စံချိန်တင် ထုတ်လုပ်နိုင်ခဲ့သည့် ပမာဏဖြစ်ကြောင်း ယနေ့မတ် ၂ ရက်တွင် ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ နေ့စဉ် နှာခေါင်းစည်း ထုတ်လုပ်နိုင်မှု ပမာဏသည် လဆန်းပိုင်းကထက် ၅ ဆပိုမိုများပြားခဲ့သည်။အဆိုပါ နှာခေါင်းစည်း အခုရေ တစ်သန်း မှ သန်း ၁၁၀ အထိကို ဆေးဘက်ဆိုင်ရာ နှင့် ဆေးဘက်ဆိုင်ရာ မဟုတ်သော စက်ရုံများမှ အသီးသီး ထုတ်လုပ်ထားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က ဆိုသည်။  (Xinhua)

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ တရုတ်တန်း တစ်လျောက်၌ ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စည်ကားသိုက်မြိုက်စွာဖြင့် စတင် ဖွင့်လှစ် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူများ အပါအဝင် ပြည်ပမှ ခရီးသွား ဧည့်သည်များပါ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲလျက် ရှိသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms.Li Xiaoyan)တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နှစ်သစ်ကူး မင်္ဂလာမုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီတာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ နှင့် ဖူကျန့်တရုတ် အမျိုးသားများ အသင်း ဥက္ကဋ္ဌ ဦးကျင်ပိန်တို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ယခုနှစ် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် တရုတ်တန်း တစ်လျှောက် ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် Live show အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

 

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

အိမ်မွေးတိရစ္ဆာန်ချစ်သူများ၏ ချစ်စဖွယ် ဆံပင်ဒီဇိုင်းပုံဖော်ဖန်တီး သည့် ရုပ်သံဖိုင်ကို ဖြစ်ပါသည်။(Xinhua)