Xinhua Videos
-
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ရေးသားသူ/အိမွန်ကျော်၊ ရိုက်ကူး /စိုးသန်းလင်း၊ဝေယံ၊ တည်းဖြတ်/စုဝင့်
တပ်မတော်က ထိန်းသိမ်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လွှတ်တော်ကိုယ်စားလှယ် အများစုကို ယနေ့ နေအိမ်သို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးတစ်ဦးက ဆင်ဟွာသို့ ယနေ့အတည်ပြုပြောကြားသည်။
" တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်နေရာတွေကို သူ့နယ်ပယ်နဲ့သူကျွမ်းကျင်တဲ့ လူများကို ပြန်လည်ခန့်အပ်သွားမှာပါ" ဟု ၎င်း တပ်မတော်အရာရှိကြီး ကဆိုသည်။အဆိုပါ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို ယနေ့ ထိန်းသိမ်းထားသည့် နေရာမှ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
-
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) /ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တစ်ကမ္ဘာလုံးတွင် COVID-19 ကပ်ရောဂါကျော်လွှားနိုင်ရန် ကာကွယ်ဆေးသည်မျှော်လင့်ချက် တစ်ခုဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံမှထုတ်လုပ်သည့် Sinovac COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ကာကွယ်ဆေးထုတ်လုပ်ပုံ အဆင့်ဆင့်ကို ပေကျင်းမြို့ရှိ Sinovac Life Sciences Co.,ltd သို့ ဆင်ဟွာမှ သွားရောက်လေ့လာရိုက်ကူးခဲ့သည်။
ကာကွယ်ဆေးထုတ်လုပ်ရန်အဆင့်အားဖြင့် ၆ ဆင့်ရှိသည်။ ထိုအဆင့်များမှာ ပိုးမွေးခြင်း၊ ဆဲလ်များကို ပိုးသေအောင် inactivate ပြုလုပ်ခြင်း၊ သန့်စင်ခြင်း၊ ကာကွယ်ဆေးဖော်စပ်ခြင်း၊ ကာကွယ်ဆေးများကို ပုလင်းများအတွင်းဖြည့်သွင်းခြင်းနှင့် ထုတ်ပိုးခြင်းတို့ပြုလုပ်ရသည်။ ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းစဉ် အစအဆုံးအတွက် အချိန် ၄၈ ရက်ကြာမြင့်ကြောင်းသိရသည်။ (Xinhua)
#COVID_19 #inactivatedvaccine #Sinovaclifescineces #China #Beijing #sixsteps #xinhua #COVID_19ကာကွယ်ဆေး #ထုတ်လုပ်ပုံအဆင့်များ #တရုတ် #ပေကျင်း #ဆင်ဟွာ
-
ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာ သက်ဆိုင်ရာ အသီးသီးအနေဖြင့် သဘောထားကွဲလွဲမှုများကို အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အတွင်း အဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က ဆို သည်။
-
ကျိနန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ်ရှိ ရွှေတွင်းတစ်ခု၌ ပိတ်မိနေကြသည့် လုပ်သားများထဲမှ တစ်ဦးအား ကယ်ဆယ်ရေးသမားများက ယနေ့တွင် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
ယခုကယ်ဆယ်လိုက်သည့် လုပ်သားသည် ဇန်နဝါရီ ၁၀ ရက်က မိုင်းတွင်းပြိုကျရာမှမြေအောက် အနက် ၆၀၀ မီတာတွင် ပိတ်မိနေသည့် လုပ်သား ၂၂ ဦးအနက် တစ်ဦးဖြစ်ပြီး ၎င်းသည် အလွန်အားနည်းနေကြောင်းသိရသည်။ ကယ်ဆယ်ရေးသမားများသည် တနင်္ဂနွေနေ့မတိုင်ခင်က ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦးနှင့်အဆက်အသွယ်ရရှိခဲ့ပြီး ၎င်းတို့မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းသိရသည်။ ကျန်သူများမှာ သေဆုံးသွားကြဖွယ်ရှိကြောင်း ယူဆထားသည်။ (Xinhua)