ဒေးလီလီပန်းခင်းကြီးကို ခူးဆွတ်ရိတ်သိမ်းကြပြီ

ကျန်းဆူး၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် စီရန်မြို့တွင် ၃၃ ဟက်တာကျော်ရှိသော ဒေးလီလီပန်းစိုက်ခင်းကို ခူးဆွတ်ရိတ်သိမ်းခြင်းဖြင့် လယ်သမားများ အလုပ်ရှုပ်နေကြသည်။ 

လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားသော ဒေးလီလီပန်းများကို ကုန်ခြောက်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရာ စက်ရုံဆီသို့ သယ်ယူပို့ဆောင်နေသည်ကို တွေ့မြင်ရသည်။ 

ပန်းစိုက်ခင်း တစ်ဟက်တာလျှင် ဒေးလီလီပန်း ၃၁,၅၀၀ ကီလိုဂရမ်ကျော် ထွက်ရှိပြီး ကုန်ခြောက်ဖြစ်သွားပါက အလေးချိန် ၃၀၀၀ ကီလိုဂရမ်ရရှိသည်ဟု ဆိုသည်။ 

လယ်သမားများက ဒေးလီလီပန်းများ ခူးဆွတ်ခြင်း၊ စက်ရုံသို့ပို့ဆောင်ခြင်းနှင့် ကုန်ခြောက်အဖြစ် ပြောင်းလဲထုတ်လုပ်ပုံအဆင့်ဆင့်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။  (Xinhua)