ကိုကိုကျွန်းမှလွဲ၍ တိုင်းဒေသကြီးတစ်ခုလုံး stay at home အမိန့်ထုတ်ပြန်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားရာဇဝင်မရှိသည့် ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့် အပြင် ဓာတ်ခွဲအတည်ပြုလူနာများ နှင့်လည်းထိတွေ့ခြင်းမရှိခဲ့သည့် လူနာများ တွေ့ရှိရမှု အချိန်တိုအတွင်း များပြားလာသောကြောင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် (ကိုကိုးကျွန်းမြို့နယ်မပါ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး တွင် နေထိုင်သူများ အနေဖြင့် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က စက်တင်ဘာ ၂၀ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ယနေ့ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းတွင်ရရှိထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၈၀၅ ဦးရှိလာပြီး သေဆုံးလူနာဦးရေမှာ ၉၄ ဦးအထိ ရှိလာကြောင်း သိရသည်။  (Xinhua)

Latest Videos