(၇၅) နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန် က ရုပ်သံ မှတစ်ဆင့် မိန့်ခွန်းပြော

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၂၁ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၌ ကျင်းပသည့် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က ရုပ်သံမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က COVID-19 ကပ်ရောဂါအလွန် ကုလသမဂ္ဂ ၏ အခန်းကဏ္ဍသည် တစ်ဖက်သတ်ဝါဒကို ဆန့်ကျင်ခြင်းနှင့် တစ်ကမ္ဘာလုံး၏ ဥသျှောင်သဖွယ် အခြားနိုင်ငံများအပေါ် အနိုင်ကျင့် ပြုမူဆက်ဆံနေသည့် နိုင်ငံများ အပေါ် ကိုင်တွယ်ဖြေရှင်းခြင်းကို လုပ်ဆောင်သင့်ကြောင်း ဆိုသည်။

ကုလသမဂ္ဂအဖွဲ့အစည်းကြီးအနေဖြင့် တရားမျှတမှုဘက်တွင် ခိုင်မာစွာ ရပ်တည်ပေးရန်လိုအပ်ကြောင်း ရှီက ပြောကြားခဲ့သည်။ မည်သည့်နိုင်ငံကမျှ ကမ္ဘာ့အရေးကို လွှမ်းမိုးခွင့်မရှိကြောင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တစ်ဦးတည်းခေါင်းပုံဖြတ်မှု (သို့မဟုတ်) အခြားနိုင်ငံများ၏ အရေးကိစ္စကို ထိန်းချုပ်ချယ်လှယ်ခွင့်မရှိကြောင်း မိန့်ခွန်းတွင် သမ္မတရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။
ယခု video တွင် ၇၅ နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည့် သမ္မတ ရှိ၏ မိန့်ခွန်းရုပ်သံဖိုင်အပြည့်အစုံ ကို တင်ဆက်ထားပါသည်။  (Xinhua)

Latest Videos