ယာအွန်ဒီ၊မတ် ၈ရက်(ဆင်ဟွာ)

အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၀ ဦး သေဆုံးပြီး အခြား ၆၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

 

ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် ဖေဖော်ဝါရီလတွင် (၁)သိန်းနီးပါးရှိကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ သိရသည်။

ရောမ၊ မတ် ၇ ရက်(ဆင်ဟွာ)

ယခုကာလများတွင် နိုင်ငံတကာ စားသောက်ကုန်ဈေးနှုန်းမြင့်တက်လာမှုသည် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်နေမှုကို ပိုမို၍ဆိုးဝါးလာစေနိုင်ကြောင်း၊ အထူးသဖြင့် အင်အားလျော့နည်းလူအုပ်စုများ၊ စားနပ်ရိက္ခာအခက်အခဲနှင့်ငတ်မွတ်ခေါင်းပါးသူများအတွက် ပို၍ ဆိုးဝါးနိုင်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)ဈေးကွက်လေ့လာသုံးသပ်သူ Shirley Mustafaက ပြီးခဲ့တဲ့ရက်များတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဘန်ဒါဆာရီဘီဂါဝန်၊မတ် ၇ ရက်(ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံက လူမှုဘဝခပ်ခွာခွာနေထိုင်ခြင်းကန့်သတ်ချက်များကို လျှော့ချပေးကာ မတ်လ ၈ ရက်မှ စတင်၍ လူအုပ်စုအခမ်းအနားများကျင်းပခြင်းအပါအဝင် အရေးပါသော လူမှုရေးပွဲလမ်းသဘင်အခမ်းအနားများအတွက် ပုံမှန်ဘဝနေထိုင်မှုအသစ်ဖြင့် လုပ်ဆောင်ရန် ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မတ် ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ဝယ်လ်လင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ အစိုးရက မြောက်ပိုင်းကျွန်း (North Island) ကမ်းလွန်ပင်လယ်ပြင်၌ တစ်ညအတွင်း အင်အားပြင်းငလျင်သုံးခုလှုပ်ခတ်ခဲ့ပြီးနောက် မတ် ၅ ရက်၌ ဘေးလွတ်ရာပြောင်းရွှေ့ရေး ညွှန်ကြားချက်များကို ဖြေလျှော့ရန် ကြေညာခဲ့ပြီး “ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြသော ပြည်သူများအားလုံးအနေဖြင့် ယခုအခါ အိမ်ပြန်နိုင်ပြီဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်အပတ်က လူ (၇၉)ဦးသေဆုံးခဲ့ရသည့် အကျဥ်းထောင်အဓိကရုဏ်းဖြစ်ပွားမှုသည် ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားသည် နိုင်ငံဖြတ်ကျော်ပြစ်မှုတစ်ခုဖြစ်ကြောင်း၊ အီကွေဒေါအကျဉ်းထောင်စနစ်အခြေအနေသည် အလွန်ဆိုးဝါးနေဆဲဖြစ် ကြောင်း အီကွေဒေါ အစိုးရအရာရှိတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ရီယာဒ်၊ မတ် ၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါက ဆက်လက် ပြန့်ပွားနေပြီး နိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ က မြင့်မားစွာ တိုးမြင့်လာကြောင်း သိရှိရသည်။

မော်စကို၊မတ် ၃ရက်(ဆင်ဟွာ)

သက်သေတစ်စုံတစ်ရာမရှိဘဲ Alexei Navalny အား ရုရှားအစိုးရက အဆိပ်ခတ်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံသားတစ်ဦးချင်း နှင့် သီးခြားလူပုဂ္ဂိုလ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း မတ် ၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်အစိုးရအနေဖြင့် “ မီးနှင့်ဆော့ကစားခြင်း မပြုရန်” ရုရှားနိုင်ငံက တိုက်တွန်းလိုက်သည်။

ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။