ကူဝိတ်စီးတီး ၊ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ကူဝိတ်နိုင်ငံက နိုင်ငံခြား အိမ်အကူလုပ်သားများကို ပြန်လည်ဝင်ရောက်ခွင့်ပြုမည့် အစီအစဉ်အား မီးစိမ်းပြလိုက်ပြီဖြစ်ကြောင်း ကူဝိတ်နိုင်ငံလေကြောင်းပျံသန်းရေးအေဂျင်စီ(DGCA) ညွှန်ကြားရေးမှူးချုပ်က ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

တီဟီရန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်


အီရန်နိုင်ငံရှိ အဆင့်မြင့် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhri Zadeh သည် မြို့တော် တီဟီရန်အနီးတွင် နိုဝင်ဘာ ၂၇ ရက်က “လက်နက်ကိုင် အကြမ်းဖက်သမားများ” ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဘာသာပြန် - ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားခဲ့သည်။

ကင်ဘာရာ ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး
သြစတြေးလျ ကာကွယ်ရေးတပ်ဖွဲ့ တပ်မှူး Angus John Campbell က နိုဝင်ဘာ ၁၉ ရက်တွင် စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတစ်ရပ်အား ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိသြစတြေးလျနိုင်ငံ တပ်ဖွဲ့ တွင် တာဝန်ထမ်းဆောင်နေသော သို့မဟုတ် တာဝန်ထမ်းဆောင်ခဲ့သော တပ်ဖွဲ့ဝင် ၂၅ ဦး က အာဖဂန်နစ္စတန် နိုင်ငံ တွင် အကျဉ်သားများ နှင့် အရပ်သားများ အား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သံသယရှိကာ ၎င်းတို့အနက် ၁၉ ဦး အား ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အကြံပြုခဲ့သည်။

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင်လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁၁၄ ဦးအထိ ရှိလာပြီး ၁,၀၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (AFAD) က နိုဝင်ဘာ ၄ ရက်တွင်ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘာသာပြန် - ခေါန်ရိန်

တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အင်အားပြင်းထန်သည့် ငလျင်ကြီးတစ်ခု လှုပ်ခတ်အပြီး ၉၁ နာရီအကြာတွင် ကယ်ဆယ်ရေးလုပ်သားများက အဆောက်အအုံတစ်ခု၏ အပျက်အစီးများအောက်မှ လေးနှစ်အရွယ် မိန်းကလေးကို ကယ်တင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ ရက်၌ ဒေသမီဒီယာက သတင်းဖော်ပြခဲ့သည်။

အစ္စတန်ဘူလ်၊နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အေဂျင်ပင်လယ်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် တူရကီနိုင်ငံတွင် နိုဝင်ဘာ ၂ ရက် ညပိုင်းအချိန်ထိ သေဆုံးသူ ၉၂ ဦး ထိ မြင့်တက်လာပြီး ဒဏ်ရရသူ ၉၉၄ ဦး ရှိကြောင်း တူရကီဘေးအန္တရာယ်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဌာန(AFAD)က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)


တူရကီနိုင်ငံ အနောက်ပိုင်း Izmir ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်က အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး လူ ၁၂ ဦးထက်မနည်းသေဆုံးကာ ၄၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်။

ဒါကာ ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)


ရွှေ့ပြောင်းနေထိုင်သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IMO) မှ အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက် တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့်လူပေါင်း ၂၀၀ ကျော် စီးနင်းလိုက်ပါခဲ့သည့် လှေသည် လတ်တလောရက်ပိုင်းတွင် ဆီနီဂေါပင်လယ်ပြင်တွင် နှစ်မြုပ်သွားခဲ့ပြီး ယင်းလှေပေါ်ရှိ လူပေါင်း ၁၄၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်မှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လှေတိမ်း မှောက်မှုဖြစ်စဉ်ဖြစ်ကြောင်း သိရှိရသည်။

မင်တို ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)


မိုဇမ်ဘစ်နိုင်ငံကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့က လတ်တလောရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်း Cabo Delgado ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတစ်ခု ဆောင်ရွက်ခဲ့ရာတွင် အကြမ်းဖက်သမား ၁၀၈ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။