ဘန်ဒါဆာရီဘီဂါဝန်၊မတ် ၇ ရက်(ဆင်ဟွာ)

ဘရူနိုင်းနိုင်ငံက လူမှုဘဝခပ်ခွာခွာနေထိုင်ခြင်းကန့်သတ်ချက်များကို လျှော့ချပေးကာ မတ်လ ၈ ရက်မှ စတင်၍ လူအုပ်စုအခမ်းအနားများကျင်းပခြင်းအပါအဝင် အရေးပါသော လူမှုရေးပွဲလမ်းသဘင်အခမ်းအနားများအတွက် ပုံမှန်ဘဝနေထိုင်မှုအသစ်ဖြင့် လုပ်ဆောင်ရန် ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း မတ် ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ရီယာဒ်၊ မတ် ၃ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသနိုင်ငံများရှိ ဆင်ဟွာသတင်းဌာန သတင်းထောက်များ၏ သတင်းပေးပို့ချက်အရ အရှေ့အလယ်ပိုင်းဒေသတွင် COVID-19 ရောဂါက ဆက်လက် ပြန့်ပွားနေပြီး နိုင်ငံအများတွင် တစ်ရက်အတွင်း COVID-19 ရောဂါထပ်မံကူးစက်ခံရသူဦးရေ က မြင့်မားစွာ တိုးမြင့်လာကြောင်း သိရှိရသည်။

ဂျကာတာ၊ မတ် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြောက်ဆူမားတြားပြည်နယ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ယင်းမှ မှုတ်ထုတ်လိုက်သည့် ပြာမှုန့်များသည် (၅,၀၀၀)မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဂျကာတာ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဆီနာဘန်းမီးတောင်သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးခိုးများသည် ကောင်းကင်သို့ မီတာ ၁၅၀၀ အမြင့်အထိ ပန်းထွက်ခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် နိုင်ငံတကာ နယ်စပ်ထိန်းချုပ်မျဉ်း (LoC) တစ်လျှောက်နှင့် အခြားကဏ္ဍများအားလုံးတွင် အပစ်အခတ်ရပ်စဲရေးကို ပူးတွဲကြေညာခဲ့ပြီး ယင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၅ ရက်သို့အကူး သန်းခေါင်ယံအချိန်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

 

ဂျကာတာ၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီပြည်နယ်အလယ်ပိုင်းရှိ ရွှေတွင်းတစ်ခုတွင် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်း ၅ လောင်းကို ရှာဖွေတွေ့ရှိထားပြီး အခြား လူပေါင်း ၇၀ ကျော် ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီမှ အရာရှိတစ်ဦးက ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အနောက်ဂျာဗား၊အင်ဒိုနီးရှား၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

ဂျကာတာ၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ပြီးခဲ့သော ရက်အနည်းငယ်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့တော်၏ နေရာအတော်များများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။

တီဟီရန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များအပါအဝင် လူအစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သော လက်နက်များ ထုတ်လုပ်ခြင်း သို့မဟုတ် သိုလှောင်ခြင်း (WMDs) မပြုရေး “ခိုင်မာသည့်”ဆုံးဖြတ်ချက်ကို သမ္မတ ဟတ်ဆန် ရိုဟာနီ (Hassan Rouhani) က ထပ်လောင်းပြောကြားခဲ့ကြောင်း တရားဝင်သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြခဲ့သည်။