ဖိလစ်ပိုင်တွင် ကုန်တင်ကားတိုက်မှုကြောင့် လူ ၇ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအား တွေ့ရစဉ် (ဆင်ဟွာ) Asia

မနီလာ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ Batangas ပြည်နယ် ရှိ မြို့တစ်မြို့တွင် မတ် ၂၈ ရက်က လမ်းဘေးမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ဦးသေဆုံးပြီး အခြားလူ ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ က မြို့တော် မနီလာမြို့ တောင်ဘက် ၁၂၀ကီလိုမီတာ အကွာခန့် Taal မြို့ရှိ Carasuche ရွာတွင် မတ် ၂၈ ရက် နံနက် ၅း၅၀နာရီက ကြံချောင်းများ တင်ဆောင်လာသော ကုန်တင်ကားတစ်စီးသည် လမ်းဘေးစားသောက်တန်းတစ်ခု နှင့် ရပ်ထားသည့် ကား၅စီးကို ဝင်တိုက်ခဲ့ကြောင်းပြောကြားခဲ့သည်။

ကနဦးစုံစမ်းစစ်ဆေးချက်များအရ ရပ်ထားသော ၁၀ဘီးကုန်တင်ကားသည် ကားမောင်းသူမပါဘဲ ရွေ့လာပြီး စားသောက်တန်း နှင့် ကားများအား တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူများသည် ကုန်တင်ကားက တိုက်မိချိန်တွင် နံနက်စာ စားနေကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

၎င်းက လူ ၄ဦးမှာ အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ပြီး ကျန် လူ ၃ဦးမှာ ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)