ပါကစ္စတန် နိုင်ငံ တွင် ဂိုဒေါင် တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားပြီး ပြိုလဲခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံး

ပါကစ္စတန် နိုင်ငံ တွင် မတ်လ ၂၈ ရက်နေ့၌ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး ပြိုလဲခဲ့သော ဂိုဒေါင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ) Asia

အစ္စလာမ်မာဘတ် ၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ ပါကစ္စတန် နိုင်ငံ တောင်ပိုင်း Sindh ပြည်နယ် Sukkur မြို့ ရှိ ဂိုဒေါင် တစ်ခု သည် မတ်လ ၂၈ ရက်နေ့၌ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး ပြိုလဲခဲ့ရာ လူပေါင်း အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိကာ လူပေါင်း ဆယ်နှင့်ချီ၍ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ပေါက်ကွဲမှု သည် Sukkur မြို့ လူစည်ကားရာ ဈေးတစ်ခု အနီးတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး တရားမဝင် လုပ်ကိုင် ဆောင်ရွက်သူတစ်ဦး က ဂိုဒေါင် အတွင်း မီးဖိုပြုလုပ်ကာ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်နေစဉ် အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ အခင်းဖြစ်စဉ် ကို မြင်တွေ့ခဲ့ရသူ တစ်ဦး က ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဂိုဒေါင် အတွင်း၌ အလုပ်သမားပေါင်း ၆၀ မှ ၈၀ အထိ အလုပ်လုပ်နေကြကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး အလုပ်သမား ၁၃ ဦး ကို ကယ်ဆယ် နိုင်ခဲ့ကာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိသေးကြောင်း ၊ ပါကစ္စတန် နိုင်ငံ အစိုးရ အနေဖြင့် အခင်းဖြစ်ပွားခဲ့ရခြင်း နှင့် ပတ်သက်၍ ဘက်စုံ စစ်ဆေးမှုများ ကို စတင်ဆောင်ရွက်နေပြီး ဖြစ်ကာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။(Xinhua)