ဂိုယန်၊ တောင်ကိုရီးယား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဧပြီလ ၂၆ ရက်က အလိုအလျောက် ထိန်းချုပ်စနစ်သုံး ရထားလမ်းအား ဖြတ်သန်းစဉ် ရထားနှင့် ကျောင်းကားတို့ တိုက်မိရာ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂိုယန် ၊ တောင်ကိုရီးယား ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသည့် ပန်းမွန်ဂံျုး(Panmunjom) နယ်စပ်ရွာအတွင်းရှိ စစ်ဘက်ဆိုင်ရာနယ်နိမိတ်မျဉ်း( MDL) တွင် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်က ပြောကြားကြောင်း တောင်ကိုရီယားနိုင်ငံသမ္မတအိမ်ပြာတော်က ယနေ့ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)

ဂျကာတာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ယနေ့( ဧပြီ ၂၅ ရက်) တွင်ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်က ပါကစ္စတန်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေးအတွက် ခိုင်မာ သည့် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ဒေသချင်းအပြန်အလှန်ဆက်သွယ်မှုကိုလည်း တိုးမြှင့်အောင် လုပ်ဆောင်ရာရောက်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shahid Khaqan Abbasiက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသော ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

တိုကျို၊ ဧပြီ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရသော နာဘီတာဂျီမာ အမည်ရှိ ဂျပန်အဘွားအိုသည် အသက် ၁၁၇နှစ်တွင် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း၌ ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဧပြီ ၂၂ရက်တွင်ဖော်ပြခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ပြုံယမ်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်မှုများနှင့် တာဝေးပစ် တိုက်ချင်းပစ်ဒုံးပျံ (ICBM) စမ်းသပ်မှုများအား ဧပြီလ ၂၁ ရက်မှစတင်ကာ ချက်ချင်း ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Korean Central News Agency (KCNA) က ဧပြီလ ၂၁ ရက်တွင် သတင်းဖော်ပြလိုက်သည်။

ဆိုးလ်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များအကြား တိုက်ရိုက် ဆွေးနွေးနိုင်ရန် အရေးပေါ်ဖုန်းလိုင်းအား နှစ်နိုင်ငံလုံးက ဖွင့်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။