ABOARD XUELONG ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသန ရေခဲခွင်းသင်္ဘော Xuelong သည် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ရှောင်ရှားရန် တောင်သမုဒ္ဒရာအတွင်းရှိ ပေါလောမျောနေသည့် ရေခဲပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

ပို့မော့စ်ဘီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ရှိ ကျွန်းနိုင်ငံများအကြား ပို၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ယင်းနိုင်ငံများ စုစည်းဝင်ရောက်နိုင်စေရန် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့သည် နိုဝင်ဘာ ၁၇ ရက်က ပို့မော်ရက်စ်ဘီမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် နှင့် ကိုရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍ ဆက်သွယ်မှုများ ပိုမိုအားကောင်းလာစေရန် ပြောကြားခဲ့ကြကြောင်း သိရသည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၁၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က “တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး လှပသည့်အနာဂတ်သစ်ကို ဖန်တီးမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းစကားပြောကြားခဲ့သည်။ သမ္မတရှီ၏ အဓိကမိန့်ခွန်းထဲတွင်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC)သည် ရေနယ်နမိတ်ချင်းဆက်စပ်နေ သောကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား မိတ်ဆွေများ ဖြစ်ကြောင်း ၊လက်ရှိ ကမ္ဘာ့စီးပွား ရေး လှိုင်းဂယက်ရိုက်နေချိန်၊ အန္တရာယ်စိန်ခေါ်မှုများ ရှိနေချိန်တွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူပူးပေါင်းဆောင်ရွက်ခြင်းသည် လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ၊ တစ်လှေတည်း စီး တစ်ခရီးတည်းသွားမိတ်ဆွေများနှင့်ကမ္ဘာ့စီးပွားရေးဟူသော သင်္ဘောကြီး အတူပဲ့ကိုင်ကာ မှန်ကန် သည့်လမ်းစဉ်ကို ဦးတည်၍ လှပသည့်အနာဂတ်ကို ရောက်ရှိအောင် စည်းလုံးညီညွတ်စွာ လှော်ခတ် လျှောက်လှမ်းရမည်ဖြစ်ကြောင်း စသည်ဖြင့်ဖော်ပြပါရှိသည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် နိုင်ငံတကာ သွင်းကုန်ပြပွဲအားလည်းကောင်း၊ လာမည့်ဧပြီလတွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အားလည်းကောင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားလိုက်သည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့အခင်းအကျင်းက နက်နဲသိမ်မွေ့သော ပြောင်းလဲမှုများရှိနေသည့်ကြားမှ လူသားမျိုးနွယ်မှာ အလှည့်အပြောင်းကာလသို့ရောက်ရှိနေပြီး အတိမ်းအစောင်းမခံနိုင်သော ရွေးချယ်မှုများနှင့် ရင်ဆိုင်နေရကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုဝင်ဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒ ဦးတည်မှု မြင့်တက်လာခြင်းကို ဆန့်ကျင်ရေးအတွက် နိုဝင်ဘာလ ၁၇ ရက်က သတိပေးပြောကြားလိုက်သည်။

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ပါပူဝါနယူးဂီနီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် Peter O'Neill နှင့် နိုဝင်ဘာလ ၁၆ ရက်တွင် တွေ့ဆုံကာ နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု ပါဝင်သော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို တည်ထောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ်ရှိ ဆော်လမွန်ကျွန်းများတွင် နိုဝင်ဘာလ ၁၆ ရက်က ပြင်းအား ၆.၅ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး အဆိုအရ သိရသည်။

ဆစ်ဒနီ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်တွင် စတော်ဘယ်ရီသီးများထဲ အပ်ထည့်မှု ဖြင့် အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၁၀နှစ်အထိ ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။