မော်စကိုတွင် မြေအောက်လူသွားလမ်းသို့ ဘတ်စ်ကားဖြင့် ဝင်တိုက်မိ၍ လူ ၄ဦးသေဆုံး

မော်စကိုတွင် မြေအောက်လူသွားလမ်းသို့ ဘတ်စ်ကားဖြင့် ဝင်တိုက်မိစဉ် (ဆင်ဟွာ) Europe

မော်စကို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ဒီဇင်ဘာ ၂၅ ရက်က မြေအောက်လူသွားလမ်းတစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စီး ဝင်ရောက်လာသဖြင့် အနည်းဆုံး လူ ၄ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ မော်စကိုဋ္ဌာနက မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းအရင်းတွင် ယာဉ်မောင်းသူ က မော်တော်ယာဉ်ကို ထိန်းချုပ်နိုင်မှုမရှိခြင်း (သို့) မော်တော်ယာဉ်တွင် ချို့ယွင်းချက်ရှိနေခြင်း တို့ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယာဉ်မောင်းသူအား ထိန်းသိမ်းထားပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

မှတ်တိုင်၌ ဘတ်စ်ကားအား ရပ်ထားစဉ် ဘတ်စ်ကားသည် ရုတ်တရက် ရွေ့လျားလာကာ ယာဉ်မောင်းသူမှ ရပ်တန့်ရန် ကြိုးစားခဲ့သော်လည်း ဘရိတ်စနစ်အလုပ်မလုပ်တော့ကြောင်း ယာဉ်မောင်းသူ၏ ပြောကြားချက်ကို ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီ က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

မော်စကိုမြို့တော်ဝန် Sergei Sobyanin က လိုအပ်သည့် ထောက်ပံ့မှုများကို ချက်ချင်းလုပ်ဆောင်ပေးခဲ့ပြီး သေဆုံးသွားသူများ နှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အတူဝမ်းနည်းကြေကွဲရပါကြောင်း တွစ်တာ၌ရေးသားဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၅ ရက်အစောပိုင်း၌ သတင်းဋ္ဌာနများ နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ မော်စကိုဋ္ဌာနက ယင်းမတော်တဆမှုကြောင့် သေဆုံးသူ ၅ဦးရှိကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)