ယူကရိန်း တိုက်ပွဲ ဖြစ်ပွား ပြီးနောက် နှစ်ဘက် တပ်ဖွဲ့ တို့မှ အကြီးမားဆုံးသော စစ်သုံ့ပန်း လဲလှယ်မှုပြုလုပ်

ယူကရိန်း နိုင်ငံ တွင် စစ်သုံ့ပန်း လဲလှယ်မှု ဖြင့် လွတ်မြောက်လာသူများအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) Europe

ကိယက်ဗ် ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ယူကရိန်း နိုင်ငံ အစိုးရ နှင့် ယူကရိန် နိုင်ငံ အရှေ့ပိုင်းရှိ အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း တို့အကြား ယူကရိန်း တိုက်ပွဲ ဖြစ်ပွား ပြီးနောက် အကြီးမားဆုံးသော စစ်သုံ့ပန်း လဲလှယ်မှုပြုလုပ် ခဲ့ပြီး အစိုးရ တပ်ဖွဲ့ က ၎င်း၏ တပ်ဖွဲ့ဝင် သုံ့ပန်း ၇၄ ဦး အား လက်နက်ကိုင် အဖွဲ့အစည်း မှ တပ်ဖွဲ့ဝင် သုံ့ပန်း ၂၃၈ ဦး ဖြင့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ လဲလှယ် ခဲ့ကြောင်း သိရှိရသည်။

ယခု အကြိမ် စစ်သုံ့ပန်း လဲလှယ်မှု ကို နိုဝင်ဘာ ၂၉ ရက်နေ့၌ တွင် ဆွေးနွေးမှု မှ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နှင့် ၁၂ ရက်နေ့၌ ကျင်းပ ခဲ့သည့် ဆွေးနွေးမှု တွင် အသေးစိတ် အချက်အလက် များကို ဆက်လက် ဆွေးနွေးကာ ယူကရိန်း နိုင်ငံ အစိုးရ က ၃၀၆ ဦးဖြင့် ၇၄ ဦးကို လဲလှယ်ရန် သဘောတူညီခဲ့ကြသည်။

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက် အရ အစိုးရ ၏ စစ်သုံ့ပန်း များအတွင်း ၂ ဦး မှာ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းရှိ အရပ်ဘက် လက်နက်ကိုင် အဖွဲ့အစည်း သို့ မပြန်လိုသဖြင့် မပါဝင် ခဲ့ကြောင်း ၊ အခြား ၆၆ ဦးမှာ ဖမ်းဆီး ခံရပြီးနောက်ပိုင်း ပြစ်ဒဏ် ကို ခံယူပြီးနောက် လွတ်မြောက်ခဲ့ပြီးသူများ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

၂၀၁၄ ခုနှစ် ဧပြီလ တွင် ယူကရိန် နိုင်ငံ အရှေ့ပိုင်းတွင် စစ်ရေးတိုက်ခိုက်မှု စတင်ဖြစ်ပွား ခဲ့ပြီးနောက် အစိုးရ နှင့် လက်နက်ကိုင် အကြား စစ်သုံ့ပန်း လဲလှယ်မှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်ထိ စစ်သုံ့ပန်းများ အားလုံးကို လဲလှယ်ပြီးခြင်း မရှိသေးကြောင်း သိရှိရသည်။(Xinhua)