ပေကျင်း၊ မတ် ၇ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် မက္ကဆီကို နယ်စပ်တွင် ထိန်းသိမ်းထားသည့် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်သည် ဖေဖော်ဝါရီလတွင် (၁)သိန်းနီးပါးရှိကြောင်း အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ သိရသည်။

ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ကွဲကွာနေကြရသော ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များကို အမေရိကန်နိုင်ငံအတွင်း ပြန်လည်ပေါင်းစည်းခွင့်ရရှိစေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက်(ဆင်ဟွာ)

ယခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင် လွှတ်တော်အဆောက်အဦထဲသို့ အကြမ်းဖက်ဝင်ရောက်တိုက်ခိုက်သည်ဟု သံသယရှိသူများအား တရားစွဲဆိုထားရာ လူပေါင်း (၃၀၀)ကျော်ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် အနည်းဆုံး လူ(၂၈၀)ကို ဖမ်းဆီးထားကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

မက္ကစီကိုစီးတီး ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ မြို့တော်အနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်၌ ဖြစ်ပွားခဲ့သည့် Croix-des-Bouquets အကျဉ်းထောင်ဖောက်ထွက်ပြေးမှုတွင် လူ ၂၅ ဦးသေဆုံးခဲ့ကြောင်းကို ဟေတီအာဏာပိုင်များက ဖေဖော်ဝါရီ ၂၆ ရက်တွင်ပြောကြားခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

 

ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဗဟိုအမေရိကတိုက် နိုင်ငံများဖြစ်သည့် အယ်လ်ဆာဗေးဒိုး ၊ ဂွါတီမာလာ ၊ ဟွန်ဒူးရပ်စ်နှင့် နီကာရာဂွါနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှုဘေးနှင့် ရင်ဆိုင်နေရသူ ဦးရေသည် လွန်ခဲ့သည့်(၂)နှစ်ကထက် လေးဆတိုးမြင့်လာခဲ့ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများက ဖော်ပြထားသည်။

လော့စ်အိန်းဂျလိစ် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

အမေရိကန်ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်သည် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်းဂျလိစ်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း အာဏာပိုင်များက ဆိုသည်။

ချီကာဂို၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး ဘိုးရင်းက ၎င်းတို့၏ Boering 777 အမျိုးအစားလေယာဉ်၏ Pratt & Whitney 4000-112 အင်ဂျင်နှင့်ပတ်သက်၍ ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာန(FAA) က လိုအပ်သော လုပ်ထုံးလုပ်နည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးချိန်ထိ ယင်းလေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ဟူစတန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့ဆင်ခြေဖုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်က လူတစ်ဦးသည် သေနတ်အရောင်းဆိုင်ထဲသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ဝါရှင်တန်၊ဖေဖော်ဝါရီ ၁၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အမေရိကန်နိုင်ငံအနေဖြင့် ယခုဖေဖော်ဝါရီလကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) သို့ လက်ရှိတာဝန်ဝတ္တရား နှင့် အကဲဖြတ်ချင့်ချိန်တွက်ချက်မှုအရ ဒေါ်လာ သန်း ၂၀၀ ကျော် ငွေကြေး ထည့်ဝင်သွားရန် ရည်ရွယ်ထားကြောင်း ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဝါရှင်တန်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ရဲအရာရှိ နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း FBI က ထုတ်ဖော်ပြောကြားခဲ့သည်။