ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌  ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁,၆၈၆ မှု ဖြစ်ပွားခဲ့ပြီး လူ ၉၃၂ ဦး သေဆုံးကာ ၂,၃၇၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (RTAD) က ဇူလိုင် ၂၄ ရက် ထုတ်ပြန်ချက်သော သတင်းအရ သိရသည်။

လွန်ခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သေဆုံးသူအရေအတွက်မှာ ၄.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သော်လည်း ဒဏ်ရာရရှိသူ အရေအတွက်မှာမူ ၄.၃ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ပထမ ၆ လအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၁,၆၉၂ မှုနှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ယာဉ်မတော်တဆမှု အရေအတွက်မှာ အနည်းငယ် လျော့နည်းသွားကြောင်း RTAD က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၁၉၁ ဦးဖြင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၌ ၁၂၈ ဦးဖြင့် ဒုတိယနှင့် ပဲခူးတိုင်းဒေသကြီးက ၁၂၂ ဦးဖြင့် တတိယ အများဆုံး ရှိခဲ့ကြောင်း သိရသည်။  (Xinhua)