Top Stories

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် က ကမ္ဘာ့နိုင်ငံ့လက်ရွေးစင်အသင်းအသီးသီး ၏ စက်တင်ဘာလ အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အား ထုတ်ပြန်ရာတွင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ကမ္ဘာ့အဆင့် အဆင့် ၁၃၆ မှ အဆင့်၁၃၅ တွင် သို့ အဆင့်တစ်ဆင့် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

နေပြည်တော်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်(၁၀၀)တွင် ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် တစ်ဦး စက်တင်ဘာ (၁၆) ရက် ညပိုင်းတွင် အောင်မြင်စွာမွေးဖွားခဲ့ပြီး၊ စက်တင်ဘာ ၁၇ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံခုတင် ၅၀၀ သို့ ပို့ဆောင်ကာ  အထူးကြပ်မတ်၍ လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိကြောင်း နေပြည်တော် တပ်ကုန်းမြို့နယ်  ပြည်သူ့ ဆေးရုံကြီး ခုတင် (၁၀၀)မှ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း က ဆင်ဟွာသို့ စက်တင်ဘာ ၁၈ ရက် တွင်ပြောသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) 

စက်တင်ဘာ ၁၉ ရက် မှ ၂၂ ရက်အထိ တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့် သတိပေးချက်တစ်ခုကို ယနေ့  စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

နိုင်ရိုဘီ ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ မှ တောင်ဆူဒန် နိုင်ငံ အား ကူညီထောက်ပံ့ပေး သည့် အရေးပေါ် စားနပ်ရိက္ခာ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကို စက်တင်ဘာ ၁၇ ရက် ၌ တောင်ဆူဒန် နိုင်ငံ မြို့တော် ဂျူဘာ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ချုံချင့်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်တွင် ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ အွန်လိုင်း စမတ်ကုန်စည်ပြပွဲ (2020 Smart China Expo Online) ကို စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပခဲ့ပြီး ပထမဆုံးအကြိမ် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ ပူးတွဲကျင်းပသည့်ပြပွဲလည်း ဖြစ်သည်။

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)


ပုံ -၂
သမီး - ဖေဖေ၊ သမီးတို့က စည်းမျဉ်းစည်းကမ်းတွေကိုရော လိုက်နာရဲ့လားဟင် ?
ဖခင် - သေချာတာပေါ့
သမီး - ဒါဆို ဘာကြောင့် သမီးတို့က သဘောတူညီချက်တွေအများကြီးကို ချိုးဖောက်ကြတာလဲဟင် ?



ပုံ - ၃ 
သမီး - ဖေဖေ၊ သမီးတို့က သိပ္ပံပညာကိုရော လေးစားမှုရှိရဲ့လားဟင် ?
ဖခင် - သံသယရှိစရာမလိုပါဘူး
သမီး - ဒါဆို လူတွေက ဘာကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကုသဖို့ ပိုးသတ်ဆေးသုံးနိုင်တယ်လို့ ပြောတာလဲဟင် ?

ပုံ - ၄
သား - ဖေဖေ၊ အမေရိကန်နိုင်ငံက တာဝန်သိတဲ့နိုင်ငံရော ဟုတ်ရဲ့လားဟင် ?
ဖခင် - သေချာတာပေါ့
သား - ဒါဆို သားတို့က ဘာကြောင့် WHO ရန်ပုံငွေကို ဖြတ်တောက်မယ်လို့ ခြိမ်းခြောက်ရတာလဲဟင် ?



ပုံ - ၅
သမီး - ဖေဖေ၊ သမီးတို့က လူ့အခွင့်အရေးနဲ့ တန်းတူညီမျှမှုကို အခြားသူတွေထက် ပိုတန်ဖိုးထားလားဟင် ?
ဖခင် - သိပ်သေချာတာပေါ့
သမီး - ဒါဆို ဘာကြောင့် လူမည်းတွေရဲ့ အသက်တွေလည်းအရေးကြီးပါတယ် ဆိုတဲ့ လှုပ်ရှားမှုတွေ  
           ဖြစ်လာရတာလဲဟင် ?



ပုံ - ၆
သား - ဖေဖေ၊ အမေရိကန်နိုင်ငံက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးလားဟင် ?
ဖခင် - မြတ်နိုးတာပေါ့
သား - ဒါဆို သားတို့ သမိုင်းဆရာတော့ မှားနေပြီ။ ဆရာကပြောတယ်။ အမေရိကန်နိုင်ငံက နှစ်ပေါင်း ၂၄၀ ကျော်   
          အတွင်း စစ်မတိုက်တာ ၁၆ နှစ်လောက်ပဲရှိတယ်တဲ့။



ပုံ - ၇ 
သား - ဖေဖေ၊ သားတို့ကိုယ်တိုင်မှာရော ယုံကြည်မှုရှိရဲ့လားဟင် ?
ဖခင် - သေချာပေါက်ရှိတာပေါ့
သား - ဒါဆို ဘာကြောင့် ပြိုင်ဘက်တွေကို အကျပ်အတည်းဖြစ်အောင် လုပ်ဖို့ကြိုးစားတာလဲဟင် ?



ပုံ - ၈ 
သား - ဖေဖေ၊ သားတို့က အကောင်းဆုံး ပြည်သူ့ကျန်းမာရေးစနစ်ကို လုပ်နေတာလားဟင် ?
ဖခင် - သေချာတာပေါ့
သား - ဒါဆို ဘာကြောင့် သားတို့က COVID-19 ရောဂါ ဖြစ်ပွားမှုအများဆုံးဖြစ်နေတာလဲဟင် ?



ပုံ- ၉ 
သား - ဖေဖေ၊ အမေရိကန်နိုင်ငံက လူ့ကျင့်ဝတ် တန်ဖိုးထားတဲ့နိုင်ငံလားဟင် ?
ဖခင် - သိပ်သေချာတာပေါ့
သား - ဒါဆို ဘာကြောင့် သားတို့က အမြဲတမ်း အခြားနိုင်ငံတွေကို ပိတ်ဆို့မှုတွေ လုပ်နေတာလဲဟင် ?



ပုံ - ၁၀ 
သား - ဖေဖေ၊ အမေရိကန်နိုင်ငံက ရိုးသားဖြူစင်တဲ့နိုင်ငံလားဟင် ?
ဖခင် - မှန်တာပေါ့
သား - ဒါဆို ဘာကြောင့် PRISM နဲ့ ECHELON တို့လို စောင့်ကြည့်တဲ့ပရိုဂရမ်တွေ ရှိနေတာလဲဟင် ?  (Xinhua)

 ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) 

 နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၄၀ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်)ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် ဒေါ်လာသည်  ၁၃၄၁ ကျပ်မှ ကျပ် ၁၃၃၀ အထိ တစ်ရက်အတွင်း ၁၁ ကျပ်ပြုတ်ကျခဲ့သည့် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် က အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို စက်တင်ဘာ ၁၅ ရက် တွင် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူခဲ့သည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။