
ဘူဆန်၊ တောင်ကိုရီးယား၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အဆိုပြုတင်သွင်းထားသော ကျင်တယ်ကျိန့် လက်မှုကြွေထည်လုပ်ငန်း အမွေအနှစ်နေရာများသည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် ယူနက်စကို ၄၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်ခံခဲ့ရသဖြင့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရသည့် တရုတ်နိုင်ငံ၏ ပထမဆုံးသော ပြီးပြည့်စုံသည့် လက်မှုကြွေထည်ပစ္စည်း ထုတ်လုပ်ရေးစနစ် ဖြစ်လာခဲ့သည်။
အမွေအနှစ်နေရာများက မည်မျှကျယ်ပြန့်သနည်း
သီးခြားတည်ရှိနေသော်လည်း အပြန်အလှန် ချိတ်ဆက်ထားသော အမွေအနှစ်နေရာသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့တစ်လျှောက် တည်နေရာအားဖြင့် ပြန့်ကျဲတည်ရှိနေသော်လည်း လုပ်ငန်းသဘောအရ ချိတ်ဆက်ထားသော နေရာငါးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ အမွေအနှစ်နယ်မြေ တစ်ခုလုံးမှာ စုစုပေါင်း ၁,၉၇၉ ဟက်တာ ကျယ်ဝန်းပြီး ကာကွယ်ထိန်းသိမ်းထားသော ကြားခံနယ်မြေမှာ ၅,၅၄၅.၇ ဟက်တာရှိသည်။ အဆိုပါ နယ်မြေတစ်ခုချင်းစီက ရှေးခေတ် ကြွေထည်ထုတ်လုပ်ရေး လုပ်ငန်းစနစ်တွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍမှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည်။
မြို့ဧရိယာ ကြွေထည်ထုတ်လုပ်ရေးစင်တာမှာ ကျင်တယ်ကျိန့်မြို့လယ်တွင် တည်ရှိပြီး စုန့်မင်းဆက် (၉၆၀-၁၂၇၉) နှင့် ယွမ်မင်းဆက် (၁၂၇၁-၁၃၆၈) လက်ထက်တို့တွင် စတင်ရုပ်လုံးပေါ်လာခဲ့ကာ မင်မင်းဆက် (၁၃၆၈-၁၆၄၄) နှင့် ချင်းမင်းဆက် (၁၆၄၄-၁၉၁၁) လက်ထက်တို့အထိ ဆက်လက်တည်ရှိခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260725/d913527fc9074d52b8d8ff0bcd2ab6dc/c.html



………………………………………………………………..
(English Version)
What makes China's Jingdezhen Handicraft Porcelain Industry Sites a landmark UNESCO World Heritage entry
BUSAN, South Korea, July 25 (Xinhua) -- China's serial heritage nomination Jingdezhen Handicraft Porcelain Industry Sites secured inscription on the UNESCO World Heritage List at the 48th World Heritage Committee session in Busan on Saturday, marking the country's first complete handicraft porcelain production system to earn global cultural heritage recognition.
WHAT DO THE HERITAGE SITES COVER?
The serial property consists of five geographically scattered but functionally linked component parts spread across Jingdezhen City, east China's Jiangxi Province, covering a total heritage zone of 1,979 hectares with a 5,545.7-hectare protective buffer zone. Each segment fulfills an indispensable role in the ancient porcelain manufacturing ecosystem.
The Town Area Porcelain Production Center sits in downtown Jingdezhen, preserving tangible relics of a large-scale, intensive porcelain manufacturing system that took shape in the Song (960-1279) and Yuan (1271-1368) dynasties and continued through the Ming (1368-1644) and Qing (1644-1911) dynasties.
https://english.news.cn/20260725/d913527fc9074d52b8d8ff0bcd2ab6dc/c.html
English Caption 1
Tourists select ceramic products in Jingdezhen, east China's Jiangxi Province, July 16, 2026. (Xinhua/Zhou Mi)
English Caption 2
Tourists visit the Jingdezhen Imperial Kiln Institute in Jingdezhen, east China's Jiangxi Province, July 7, 2026. (Xinhua/Wan Xiang)








