န်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုကို တားမြစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါတားမြစ်ချက်သည် မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲခြင်းကို ကာကွယ်ရန်နှင့် ကျောင်းသားများ၏ အရွယ်နှင့် မသင့်လျော်သော ဆိုရှယ်မီဒီယာပလက်ဖောင်းများ အသုံးပြုခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိုဘိုင်းဖုန်းနှင့် အွန်လိုင်းပလက်ဖောင်းများကို ပညာရေးဆိုင်ရာ ကိရိယာများအဖြစ် ဘေးကင်းလုံခြုံစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် ကျောင်းများသို့ လမ်းညွှန်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မိဘများ၊ ဆရာများနှင့် ကျောင်းသား၊ကျောင်းသူများအတွက် အသိပညာပေးအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ပညာပေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)








