တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်အား ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ဆလိုဗက်ကီးယားနိုင်ငံ သမ္မတ Peter Pellegrini သည် ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇူလိုင် ၂၄ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ယခုအကြိမ်ခရီးစဉ်၏ အစီအစဉ်များနှင့် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။

ဆလိုဗက်ကီးယားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစောဆုံး အသိအမှတ်ပြု၍ သံတမန်ဆက်ဆံရေးထူထောင်သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဥရောပတိုက်တွင် တရုတ်နိုင်ငံ၏ အရေးကြီးဆုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် ဆလိုဗက်ကီးယား အကြီးအကဲတို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် လတ်တလောနှစ်ပိုင်း၌ တရုတ်-ဆလိုဗက်ကီးယား ဆက်ဆံရေးသည် အဆင့်မြင့်လည်ပတ်မှုကို ထိန်းသိမ်းထား‌ပြီး ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များလည်း ကြွယ်ဝကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

ယင်းသည် သမ္မတ Peter Pellegrini စတင်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Peter Pellegrini နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြီး တရုတ်-ဆလိုဗက်ကီးယား ဆက်ဆံရေး၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို အတူရေးဆွဲကာ နှစ်ဖက်ဆက်ဆံရေးနှင့် အတူတကွ ဂရုပြုသော နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ကြမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ် လီချန်နှင့် NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိ တို့သည်လည်း သမ္မတ Peter Pellegrini အား သီးခြားစီ တွေ့ဆုံကြမည်ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ ဆလိုဗက်ကီးယားနိုင်ငံနဲ့အတူ ယခုအကြိမ်ခရီးစဉ်ကို အခါအခွင့်အဖြစ်ထားရှိကာ အစဉ်အလာချစ်ကြည်ရေးနှင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို အဆက်မပြတ် နက်ရှိုင်းစေပြီး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်သွားလိုပါတယ်။ ကဏ္ဍစုံ ပူးပေါင်းဖလှယ်မှုကို တိုးချဲ့ပြီး ‘ရပ်ဝန်းနှင့်ပိုးလမ်း’ အရည်အသွေးမြင့် အတူတကွတည်ဆောက်ရေးနဲ့ တရုတ်-အလယ်နှင့် ဗဟိုဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးကာ တရုတ်-ဆလိုဗက်ကီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အနှစ်သာရ အဆက်မပြတ်ကြွယ်ဝအောင် လုပ်ဆောင်သွားလိုပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

外交部介绍斯洛伐克总统访华有关安排

新华社北京7月24日电(记者马卓言、冯歆然)应国家主席习近平邀请,斯洛伐克总统佩列格里尼将于7月27日至29日对中国进行国事访问。外交部发言人林剑24日在例行记者会上介绍此访安排和中方期待。  

林剑表示,斯洛伐克是最早承认并同新中国建交的国家之一,是中国在欧洲的重要合作伙伴。在习近平主席同斯洛伐克领导人的战略引领下,近年来中斯关系保持高水平运行,各领域合作成果丰硕。  

林剑说,这是佩列格里尼总统就任以来首次访华。访问期间,习近平主席将同佩列格里尼总统举行会谈,共同擘画中斯关系未来发展蓝图,就双边关系和共同关心的国际地区问题交换意见。李强总理和赵乐际委员长将分别会见佩列格里尼总统。  

“中方愿同斯方一道,以此访为契机,不断深化传统友谊和政治互信,加强发展战略对接,拓展各领域交流合作,推进高质量共建‘一带一路’和中国-中东欧国家合作,持续丰富中斯战略伙伴关系内涵。”林剑说。(完)