
ဘန်ကောက်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
လူပုံစံတူစက်ရုပ်က လက်မောင်းများ လှုပ်ရှားကာ “သိုင်းကွက်များ” ကပြ တင်ဆက်ခြင်း၊ စက်ရုပ်ခွေးလေးက သွက်လက်စွာ ခုန်လွှားသွားလာခြင်း... ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ IMPACT ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် ထိုင်း- တရုတ် ပူးပေါင်းဆောင်ရွက်ရေး ပြပွဲ၌ တရုတ်နိုင်ငံ Agibot စက်ရုပ်များက လာရောက်ကြည့်ရှုသူ အများအပြားကို ဆွဲဆောင်ခဲ့သည်။
စက်ရုပ်ခွေးလေးများသည် ကင်မရာနှင့် စစ်ဆေးရေးကိရိယာများ တပ်ဆင်ထားပြီး အန္တရာယ်ရှိသောနေရာများသို့ ထဲထဲဝင်ဝင် ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း၊ ခြေထောက်နှစ်ဖက်ပါ လူပုံစံတူ စက်ရုပ်များကိုမူ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပြပွဲများ၊ ဧည့်ကြိုနှင့် ဆွေးနွေးမေးမြန်းခြင်းဆိုင်ရာ လမ်းညွှန်မှု စသည့်နေရာများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း ကုမ္ပဏီအနေဖြင့် အမှာစာ အမြောက်အမြား လက်ခံရရှိထားပြီး ဖြစ်ကြောင်း ပြပွဲတာဝန်ခံက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ထိုင်း-တရုတ် ပူးပေါင်းဆောင်ရွက်ရေး ပြပွဲကို “အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်း” ခေါင်းစဉ်ဖြင့် ဇူလိုင် ၂၂ မှ ၂၅ ရက်အထိ ကျင်းပခဲ့သည်။ ပြပွဲကို ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း၊ ထိုင်းနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံ တရုတ်လုပ်ငန်းများအသင်းချုပ်တို့ ပူးပေါင်းစီစဉ်ကျင်းပခဲ့ကြသည်။ ပြပွဲသည် တရုတ်-ထိုင်း ကုမ္ပဏီလုပ်ငန်း ၂၇၀ နီးပါး ပါဝင်ပြသရန် ဆွဲဆောင်ခဲ့ရာ တရုတ်-ထိုင်း ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွစွာ ရှင်သန်စွမ်းအားများကို ပြသခဲ့သည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ၁၃ နှစ် ဆက်တိုက် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နှင့် အကြီးဆုံး စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုဈေးကွက် ဖြစ်ခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်တွင် တရုတ်-ထိုင်း နှစ်ဖက် ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၄၀ ဘီလီယံကျော်ရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။
ယခုအကြိမ် ပြပွဲတွင် ပါဝင်ပြသခဲ့သော ကုမ္ပဏီလုပ်ငန်းများတွင် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၊ ဉာဏ်ရည်ထည့်သွင်း ထုတ်လုပ်မှု၊ အစိမ်းရောင် စွမ်းအင်အရင်းအမြစ်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး၊ စားသောက်ကုန် စားသုံးမှုစသည့် ကဏ္ဍများစွာ ပါဝင်ခဲ့သည်။ ထိုင်းနိုင်ငံ CTT Logistics Co., Ltd. ပြသခန်းရှေ့တွင် တာဝန်ခံက စီးပွားရေးလုပ်ငန်းဧည့်သည်များအား နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး ဖြေရှင်းချက်များကို မိတ်ဆက်ပြောကြားပေးလျက်ရှိသည်။ ထိုင်း-တရုတ် စီးပွားကုန်သွယ်ရေး စဉ်ဆက်မပြတ် တိုးတက်လာကာ ကုမ္ပဏီလုပ်ငန်းများ၏ တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်း ပမာဏ နှစ်စဉ်ဆက်တိုက် တိုးတက်လာသည်နှင့်အမျှ ကွမ်ကျိုး၊ ရိဝူးနှင့် ဖူနင်စသည့် နေရာများတွင် ရုံးခွဲများ ဖွင့်လှစ်ထားခြင်းကြောင့် ထိုင်းမှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများကို နှစ်ရက်မှ သုံးရက်အတွင်း သယ်ယူပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီဘက်က မိတ်ဆက်ပြောကြားခဲ့သည်။
ယခုအကြိမ်ပြပွဲ၏ ပြပွဲစီစဉ်သူသည် တရုတ်နိုင်ငံတက္ကသိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၀ ကျော်ကို ဖိတ်ကြားထားပြီး ပညာသင်ဆုပေါင်း ၉၀၀ ကျော် ပေးအပ်ကာ ဒေသခံကျောင်းသားများအား ထိုင်း-တရုတ် နှစ်နိုင်ငံ၏ ပညာသင်ကြားရေး လမ်းကြောင်းများနှင့် ပြည်ပ ပညာတော်သင် ရွေးချယ်စရာများကို နားလည်သိရှိရန် ကူညီပေးခဲ့သည်။ CAS Innovation Cooperation Center (Bangkok) ၏ ပြသခန်းရှေ့တွင် ပညာသင်ဆုအသေးစိတ်အချက်အလက်များ လာရောက်မေးမြန်းသော ကျောင်းသားများနှင့် မိဘများဖြင့် စည်ကားလျက် ရှိသည်။
ပြပွဲစီစဉ်သူသည် ဖိုရမ်အခမ်းအနားများစွာ ကျင်းပခဲ့ပြီး တရုတ်နှင့် ထိုင်း အစိုးရဌာနများ၊ စက်မှုလုပ်ငန်းအသင်းများ၊ ကျွမ်းကျင်ပညာရှင်နှင့် ထိပ်တန်းစီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားကာ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ရှင်းလင်းပြောကြားခြင်း၊ နိုင်ငံခြားသားဝန်ထမ်းများစီမံခန့်ခွဲမှု၊ အခွန်ကောက်ခံမှု၊ အကောက်ခွန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုများစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နှီးနှောဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ယင်းသည် ကုမ္ပဏီလုပ်ငန်းများအတွက် တစ်နေရာတည်းတွင် မူဝါဒရှင်းလင်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်မှုများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ (Xinhua)


..............................
(Chinese Version)
综述|泰中合作博览会见证两国互利发展新活力
新华社曼谷7月25日电 综述|泰中合作博览会见证两国互利发展新活力 新华社记者林淑婷 刘杨
人形机器人舞动手臂演绎“武功”、机器狗灵活腾跃行进……正在泰国曼谷印象会展中心举行的2026泰中合作博览会上,来自中国的智元机器人吸引了大批参观者。展区负责人告诉新华社记者,机器狗搭载摄像头与检测器,能深入危险区域作业;双足人形机器人则广泛应用于文旅展演、访客接待、咨询引导等场景。尽管进入泰国市场不足数月,但企业已收到不少订单。
2026泰中合作博览会22日至25日举行,主题为“投资未来,共同成长”,由泰国商会、泰国中华总商会和泰国中国企业总商会共同举办。博览会吸引近270家中泰参展企业,展现了中泰合作的蓬勃活力。
当前,中国已连续13年成为泰国最大贸易伙伴和最大农产品出口市场。2026年第一季度,中泰双边贸易额超过400亿美元,同比增长超过20%。
本届博览会参展企业涉及科技创新、智能制造、绿色能源、跨境物流、食品消费等诸多领域。在泰国CTT国际物流有限公司展区前,展区负责人正向客商推介跨境物流方案。企业方介绍,随着泰中经贸持续增长,企业在华业务规模连年增长,在广州、义乌、普宁等地设立了办事处,两到三天内即可将货物从泰国运到中国。
本届博览会主办方邀请了30余所中国高校及机构,提供900余项奖学金,助力当地学子了解泰中两国升学路径与留学选择。在中国科学院曼谷创新合作中心的展位前,前来询问奖学金详情的学子和家长络绎不绝。
主办方还举办了多场论坛,邀请中泰政府部门、行业协会、专家学者及龙头企业代表,围绕泰国投资政策解读、外籍员工管理、税务、海关金融配套服务等内容开展专题研讨,为企业提供一站式政策解读和投资指导。(完)
图说1:这是7月22日在泰国曼谷举办的2026泰中合作博览会上拍摄的中国移动展台。新华社发(拉亨摄)
图说2:7月22日,在泰国曼谷,泰国总理阿努廷在2026泰中合作博览会开幕式上致辞。 新华社发(拉亨摄)








