တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့ ထောင်ယန်လီ သမိုင်းယဉ်ကျေးမှုလမ်းဇုန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ကျင်တယ်ကျိန့်မြို့ ထောင်ယန်လီ သမိုင်းယဉ်ကျေးမှုလမ်းဇုန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်ချန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကျင်တယ်ကျိန့်မြို့၌ ကြွေထည်ပြုလုပ်သည့်ဖိုများသည် နှစ်ပေါင်း ၂,၀၀၀ ကျော်တိုင်တိုင် တောက်လောင်လျက်ရှိကာ သာမန်ရွှံ့စေးကို အလွန်လက်ရာမြောက်သော လက်မှုအနုလက်ရာများအဖြစ် အသွင်ပြောင်းပေးလျက်ရှိသည်။

ယင်းသည် သာမန်မြို့တစ်မြို့တော့ မဟုတ်ပေ။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ်၏ ချောင်ကျသောအရပ်၌ တည်ရှိသည့် ကမ္ဘာကျော် "ကြွေထည်မြို့တော်" သည် တရုတ်ရိုးရာ ကြွေထည်ယဉ်ကျေးမှု၏ ဗဟိုချက်အဖြစ် ကာလကြာမြင့်စွာ ရပ်တည်နိုင်ခဲ့သည်။ ယင်း၏ ခံ့ညားထည်ဝါသော သမိုင်းကြောင်းမှာ တရုတ်ယဉ်ကျေးမှု၏ အဓွန့်ရှည်တည်တံ့မှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ညွှန်းလျက်ရှိကာ မျိုးဆက်ပေါင်းများစွာတိုင်အောင် လက်ဆင့်ကမ်းထိန်းသိမ်း၍ ပြန်လည်ဆန်းသစ်ကာ ပုံဖော်ဖန်တီးခဲ့သည့် ယနေ့ထက်တိုင် ရှင်သန်လျက်ရှိသော ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။  

ကျင်တယ်ကျိန့်မြို့၏ ထောင်စုနှစ်နှင့်ချီသက်တမ်းရှိသော အမွေအနှစ်၏ အနှစ်သာရသည် ယင်းအား ဖန်တီးပုံဖော်ခဲ့သည့် လက်မှုပညာရှင်များ၏ လက်ဝယ်တွင် တည်ရှိနေသည်။ တရုတ်နိုင်ငံ၏ သိပ္ပံနည်းကျဖြစ်သော ဂန္ထဝင်စာပေဖြစ်သည့် "သဘာဝတရား၏ အရင်းအမြစ်များကို အသုံးချခြင်း" "Tian Gong Kai Wu" တွင် ဖော်ပြထားသကဲ့သို့ပင် အဆိုပါ ကြွေထည်ပြုလုပ်နည်းတွင် အဆင့် ၇၂ ဆင့် ပါဝင်ကာ အဆင့်တစ်ဆင့်ချင်းစီမှာလည်း စိတ်ရှည်မှု၊ အနုစိတ်ဖြစ်မှုနှင့် ကျွမ်းကျင်မှုတို့ကို လိုအပ်ပေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260725/44e414969e9640b8a40152efde502cec/c.html

....................................................................................

(English Version)

Clay meets civilization in China's Jingdezhen

NANCHANG, July 25 (Xinhua) -- For more than 2,000 years, kiln fires have burned in China's Jingdezhen, transforming humble clay into exquisite works of art.

This is no ordinary city. Situated in a corner of east China's Jiangxi Province, the world-renowned "porcelain capital" has long been the heart of Chinese ceramic culture. Its storied history, in many ways, embodies the enduring continuity of the Chinese civilization itself -- a living tradition preserved, reshaped and renewed through generations.

The essence of Jingdezhen's millennia-old heritage lies in the hands of its artisans. As described in the Chinese scientific classic "The Exploitation of Nature's Works," or "Tian Gong Kai Wu," the porcelain-making process here entails 72 steps, with each demanding patience, precision and skill.

https://english.news.cn/20260725/44e414969e9640b8a40152efde502cec/c.html

English Caption

This file photo taken on Jan. 17, 2025 shows a view of the Taoyangli Historical and Cultural Block in Jingdezhen, east China's Jiangxi Province. (Xinhua)