၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်စဥ်(ဓာတ်ပုံ-MOI)
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်စဥ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပညာရေးဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကျောင်းချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြမှုကို တားမြစ်လိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါတားမြစ်ချက်သည် မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲခြင်းကို ကာကွယ်ရန်နှင့် ကျောင်းသားများ၏ အရွယ်နှင့် မသင့်လျော်သော ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသုံးပြုခြင်း၏ ဆိုးကျိုးများမှ ကာကွယ်ရန် ရည်ရွယ်ကြောင်း သိရသည်။ကျောင်းသား/ကျောင်းသူများအနေဖြင့် မိုဘိုင်းဖုန်းနှင့် အွန်လိုင်းပလက်ဖောင်းများကို ပညာရေးဆိုင်ရာ ကိရိယာများအဖြစ် ဘေးကင်းလုံခြုံစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်စေရန်အတွက် ကျောင်းများသို့ လမ်းညွှန်ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မိဘများ၊ ဆရာများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အသိပညာပေးအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ ပညာပေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)