တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားသို့ တက်ရောက်သော မော်လ်ဒိုက်နိုင်ငံ ယာယီ သမ္မတ Mohamed Muizzu ထျန်းကျင်းမြို့ ဧည့်ဂေဟာတွင် ၂၀၂၅ ခုနှစ် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မော်လ်ဒိုက်နိုင်ငံ ယာယီ သမ္မတ Mohamed Muizzu ထံသို့ မော်လ်ဒိုက်နိုင်ငံ လွတ်လပ်ရေးရရှိမှု ၆၁ နှစ်မြောက်အတွက် ဇူလိုင် ၂၆ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ထိုသို့သဝဏ်လွှာပေးပို့ရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုသည် သမိုင်းကြောင်းကြာရှည်ကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၅၄ နှစ်ကြာကာလအတွင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်အခြေခံပေါ်တွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အစဉ်အမြဲ ဖော်ဆောင်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွား သယ်ဆောင်လာပေးကြောင်း ထောက်ပြခဲ့သည်။

၂၀၂၄ ခုနှစ်တွင် သမ္မတ Mohamed Muizzu တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သည့်ကာလအတွင်း မိမိတို့သည် တရုတ်-မော်လ်ဒိုက်ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ရန် သဘောတူညီခဲ့ပြီး တရုတ်-မော်လ်ဒိုက် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို အတူတကွ ကြိုးပမ်းခဲ့ကြောင်း၊ မိမိအနေဖြင့် သမ္မတ Mohamed Muizzu နှင့်အတူ ကြိုးပမ်းကာ အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-မော်လ်ဒိုက် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် ရှေ့ဆက်တိုးတက်စေရန် တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုများပြားသော အကျိုးစီးပွားများ သယ်ဆောင်ပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就马尔代夫独立61周年向马尔代夫总统穆伊兹致贺电

新华社北京7月26日电 7月26日,国家主席习近平致电马尔代夫共和国总统穆伊兹,祝贺马尔代夫独立61周年。  

习近平指出,中国和马尔代夫友好交往源远流长。两国建交54年来,始终在和平共处五项原则基础上发展友好关系,给两国人民带来了实实在在的利益。2024年穆伊兹总统访华期间,我们一致同意把中马关系提升为全面战略合作伙伴关系,共同致力于构建中马命运共同体。我愿同穆伊兹总统一道努力,弘扬传统友好,深化务实合作,推动中马全面战略合作伙伴关系不断向前发展,为两国人民带来更多福祉。(完

图说:2025年8月31日上午,国家主席习近平在天津迎宾馆会见来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的马尔代夫总统穆伊兹。 新华社记者 燕雁