
ပြုံယမ်း၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယားအမိမြေလွတ်မြောက်ရေးစစ်ပွဲအောင်နိုင်ခြင်း ၇၃ နှစ်မြောက် နှစ်ပတ်လည်အခါသမယ ဇူလိုင် ၂၆ ရက်တွင် South Pyongan ပြည်နယ်၊ Hoechang-gun ကောင်တီရှိ တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည် ဥယျာဉ်သို့ သွားရောက်၍ အာဇာနည်များအား ဂါရဝပြုခဲ့ကြောင်း KCNA သတင်းဌာန၏ ဇူလိုင် ၂၇ ရက် သတင်းများအရ သိရသည်။
ကင်ဂျုံအန်းသည် တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်းတပ်ဖွဲ့ အာဇာနည်အား ဝမ်းနည်းအောက်မေ့ခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ပြီး မော်အန့်ရင်း၏ ဂူဗိမာန်ကို ပန်းခွေချ၍ ဂါရဝပြုခဲ့ကြောင်း၊ ကင်ဂျုံအန်းမှ ပို့သထားသော ပန်းခွေများကို တရုတ်ပြည်သူ့စေတနာ့ဝန်ထမ်း အာဇာနည်ဗိမာန်ရှေ့တွင် ချိတ်ဆွဲဂါရဝပြုထားကြောင်း သတင်းများအရ သိရသည်။ (Xinhua)


--------------------------------------------------------------------------------------
(Chinese Version)
金正恩参谒中国人民志愿军烈士陵园
新华社平壤7月27日电(记者王天僚)据朝中社27日报道,朝鲜劳动党总书记、国务委员长金正恩在朝鲜祖国解放战争胜利73周年之际,于26日前往位于平安南道桧仓郡的中国人民志愿军烈士陵园,向烈士们表示崇高敬意。
据报道,金正恩默哀悼念中国人民志愿军烈士,并凭吊毛岸英墓,敬献鲜花,表示敬意。报道说,以金正恩的名义敬献的花圈摆放在中国人民志愿军烈士塔前。
1, 这张朝中社7月27日提供的照片显示,朝鲜劳动党总书记、国务委员长金正恩于26日参谒位于平安南道桧仓郡的中国人民志愿军烈士陵园。新华社/朝中社








