
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် မည်သည့်တစ်ဖက်သတ်စည်းကြပ်ခွန်ကောက်ခံမှုမဆိုကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံ ၆၀ နိုင်ငံအား စည်းကြပ်ခွန်တိုးမြှင့်ကြောင်း အမေရိကန်နိုင်ငံ၏ ကြေညာချက်ကို ဇူလိုင် ၂၄ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး စည်းကြပ်ခွန်စစ်ပွဲများနှင့် ကုန်သွယ်ရေးစစ်ပွဲများမှာ မည်သူ၊ မည်သည့်အဖွဲ့အစည်းအတွက်မျှ အကျိုးမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
.......................................................................
(English Version)
China says opposed to unilateral tariffs of any form
BEIJING, July 24 (Xinhua) -- China opposes unilateral tariff measures of any form, a Chinese foreign ministry spokesperson said on Friday in response to the U.S. announcement of tariff hikes on 60 trade partners.
Spokesperson Lin Jian made the remarks at a daily press briefing, adding tariff wars and trade wars are not in the interests of any party. ■







