လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်၌ ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမှာစကား ပြောကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်၌ ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမှာစကား ပြောကြားနေသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)


ကုလသမဂ္ဂ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ယီမင် ဟူသီလက်နက်ကိုင်များက ပင်လယ်နီ စီးပွားရေးသင်္ဘောများကို ပြန်လည်တိုက်ခိုက်ခြင်းနှင့် ပင်လယ်နီရေကြောင်းသွားလာမှုကို ခြိမ်းခြောက်ခြင်းအပေါ် အံ့အားသင့်တုန်လှုပ်မိကြောင်း၊ အခြေအနေအရှိန်ပြေလျော့ရေး ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇူလိုင် ၂၄ ရက်တွင် ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်များက စီးပွားရေးသင်္ဘောများကို တိုက်ခိုက်ခြင်းသည် ဒေသတွင်း တင်းမာမှုအခြေအနေကို ပိုမို ဆိုးရွားသွားစေပြီး ယီမင်ကို ပဋိပက္ခအန္တရာယ်တွင်းနက်ထဲသို့ ပို၍ ကျဆင်းစေကြောင်း၊ ရန်လိုသည့်လှုပ်ရှားမှုအသစ်များက ယီမင်၏ ငြိမ်းချမ်းရေးအလားအလာကို ဖျက်ဆီးပြီး ဒေသတွင်းနှင့် ဒေသတွင်းပြင်ပတွင် ပြင်းထန်သည့် စီးပွားရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဂူတာရက်စ်က အခြေအနေတင်းမာမှုများ ချက်ချင်းလျှော့ချရန် နှိုးဆော်ထားပြီး ဟူသီလက်နက်ကိုင်များကို အသစ်တစ်ကြိမ်တိုက်ခိုက်မှု သို့မဟုတ် အခြားသော အရှိန်မြင့်တက်စေမည့်လုပ်ရပ်မျိုး မလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း၊ Bab-el-Mandeb ရေလက်ကြား နှင့် ယင်းအနီးတဝိုက် ပင်လယ်ပြင်ရေကြောင်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်ကို မဖြစ်မနေ အပြည့်အဝ ပြန်လည်ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ဆော်ဒီအာရေဗျ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်မှုများအပေါ် ပိတ်ဆို့မှု လုပ်ဆောင်ကြောင်း ဇူလိုင် ၂၀ ရက်တွင် ကြေညာခဲ့သည်။ ဇူလိုင် ၂၃ ရက်တွင် ဟူသီလက်နက်ကိုင်များက ဒုံးကျည်းနှင့် ဒရုန်းများဖြင့် ပင်လယ်နီတွင် ၎င်းတို့တားမြစ်မိန့်ကို ချိုးဖောက်သည့် ဆော်ဒီအာရေဗျ ရေနံတင်သင်္ဘောနှစ်စင်းအား တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mohammed Abdulsalam က ဇူလိုင် ၂၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ Bab-el-Mandeb ရေလက်ကြားကို ပိတ်ထားခြင်း မရှိသေးကြောင်း၊ မကြာမီက ကြေညာထားသည့် ပင်လယ်ပြင်အစီအမံများမှာ ဆော်ဒီအာရေဗျနှင့်သက်ဆိုင်သည့် ရေကြောင်းပို့ဆောင်ရေးကိုသာ ပစ်မှတ်ထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

古特雷斯呼吁红海紧张局势立即降级

新华社联合国7月24日电(记者尚绪谦)联合国秘书长古特雷斯24日通过发言人迪雅里克发表声明,对也门胡塞武装恢复袭击红海商船并威胁红海通航表示震惊,呼吁局势立即降级。   

声明说,胡塞武装袭击商船进一步加剧地区紧张局势并让也门进一步深陷冲突风险。新的敌对行动将破坏也门和平前景并导致地区及域外出现严重的经济、人道主义和环境后果。   

声明说,古特雷斯呼吁立即降级紧张局势,敦促胡塞武装不要发动新的袭击或采取其他升级行为。曼德海峡及附近海域通航权利及自由必须完全恢复。   

也门胡塞武装20日宣布对沙特实施海上禁运。23日,胡塞武装称,使用导弹和无人机在红海袭击两艘违反其禁运令的沙特油轮。胡塞武装发言人穆罕默德·阿卜杜勒萨拉姆24日在社交媒体发表声明称,曼德海峡并未被关闭,近期宣布的海上措施仅针对与沙特有关的航运。(完)

1. 3月14日,联合国秘书长古特雷斯在黎巴嫩首都贝鲁特举行的新闻发布会上讲话。新华社发(比拉尔·贾维希摄)