အကြီးအကျယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနောက်ဘက်ကမ်းဒေသတွင် စစ်ဆင်ရေး “ကျယ်ကျယ်ပြန့်ပြန့်” လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိဟု အစ္စရေးစစ်တပ် ပြော

ပါလက်စတိုင်း Tell ကျေးရွာအနီး အကြီးအကျယ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနောက်ဘက်ကမ်းဒေသတွင်း စစ်ဆင်ရေး “ကျယ်ကျယ်ပြန့်ပြန့်” လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ (IDF) က ဇူလိုင် ၂၄ ရက်၌ ပြောကြားခဲ့သည်။

IDF က ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ယင်းဧရိယာ၌ “ကျယ်ပြန့်သည့် တန်ပြန်အကြမ်းဖက်မှုစစ်ဆင်ရေး လှုပ်ရှားမှု” အတွက် ပြင်ဆင်နေကြောင်း၊ စစ်သည်များ၏ သီတင်းပတ်ကုန်ခွင့်ယူမှုကို ဆိုင်းငံ့ထားကြောင်းနှင့် အဆိုပါ ကဏ္ဍတစ်ခွင် ထပ်တိုးတပ်ဖွဲ့များကိုလည်း တပ်ဖြန့်ထားကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

ပါလက်စတိုင်းများက Tell ကျေးရွာအနီးရှိ အစ္စရေးတောင်တက်သမားအဖွဲ့ကို တိုက်ခိုက်ခဲ့သည်ဟု IDF က ယင်းနေ့အစောပိုင်း၌ ပြောကြားခဲ့သည်။ တိုက်ခိုက်ရေးသမားများက အခင်းဖြစ်နေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ လက်နက်ကို သိမ်းယူခဲ့ကာ ပစ်ခတ်ခဲ့ကြောင်း IDF က ဆိုသည်။ ယင်းဖြစ်ရပ်၌ အစ္စရေးနိုင်ငံသားတစ်ဦးလည်း သေဆုံးခဲ့သည်။

တစ်ချိန်တည်းမှာပင် ထိုကျေးရွာရှိ အစ္စရေးအခြေချနေထိုင်သူများမှ တိုက်ခိုက်မှုအတွင်း အစ္စရေးတပ်ဖွဲ့များကြောင့် ပါလက်စတိုင်း လေးဦးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တရားဝင်သတင်းအေဂျင်စီ WAFA က သတင်းထုတ်ပြန်ခဲ့သည်။

IDF အနေဖြင့် အစ္စရေးနှင့် ပါလက်စတိုင်း ပြည်သူများအကြား ထိပ်တိုက်တွေ့ဆုံမှုများကို ကာကွယ်ရန် အစ္စရေးသေဆုံးသူများ၏ ဈာပနမတိုင်မီ လုံခြုံရေးတင်းကြပ်ထားသည်ဟု ဆိုသည်။

ICC ရှေ့နေ Karim Khan အား လက်မခံနိုင်ဖွယ် လိင်ပိုင်းဆိုင်ရာအပြုအမူ စွပ်စွဲချက်ဖြင့် ရာထူးမှဖယ်ရှား

နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံများက ရှေ့နေချုပ် Karim Khan အား လက်မခံနိုင်ဖွယ် လိင်ပိုင်းဆိုင်ရာအပြုအမူ စွပ်စွဲချက်ဖြင့် ရာထူးမှဖယ်ရှားရန် ဇူလိုင် ၂၄ ရက်၌ မဲခွဲဆုံးဖြတ်ခဲ့ကြောင်း ယင်းခုံရုံး၏ ကြီးကြပ်ရေးဌာနက ကြေညာခဲ့သည်။

ICC ၏ စီမံခန့်ခွဲမှုကြီးကြပ်ရေးနှင့် ဥပဒေပြုအဖွဲ့ဖြစ်သည့် Rome Statute ၏ အဖွဲ့ဝင်နိုင်ငံများညီလာခံ (ASP) က အဖွဲ့ဝင်နိုင်ငံ ၁၂၅ နိုင်ငံအနက် ၈၂ နိုင်ငံ၏ မဲခွဲဆုံးဖြတ်မှုဖြင့် Karim Khan အား ရာထူးမှဖယ်ရှားခဲ့ကြောင်း ASP ဥက္ကဋ္ဌ Paivi Kaukoranta က ကြေညာခဲ့သည်။


ယီမင်နိုင်ငံ ဟိုဒေးဒါပြည်နယ်ကို ဆော်ဒီဦးဆောင်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် လက်တုံ့ပြန်မည်ဟု ဟူသီအဖွဲ့ ကတိပြု

ဟိုဒေးဒါပြည်နယ်၊ ပင်လယ်နီရှိ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ထိန်းချုပ်ထားသော ပစ်မှတ်များကို ဆော်ဒီဦးဆောင်သော မဟာမိတ်စစ်လေယာဉ်များ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် လက်တုံ့ပြန်သွားမည်ဟု ယင်းအဖွဲ့က ဇူလိုင် ၂၅ ရက်၌ ကတိပြုပြောကြားခဲ့သည်။


Shahabuddin နုတ်ထွက်ပြီးနောက် ဘင်္ဂလားဒေ့ရှ် လွှတ်တော်ဥက္ကဋ္ဌက သမ္မတတာဝန်များ လက်ခံဆောင်ရွက်

Mohammed Shahabuddin Chuppu သမ္မတရာထူးမှနုတ်ထွက်ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွှတ်‌တော်ဥက္ကဋ္ဌ Hafiz Uddin Ahmad က သမ္မတလုပ်ငန်းဆောင်တာများကို စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အမျိုးသားလွှတ်တော်အတွင်းရေးမှူးရုံးက ဇူလိုင် ၂၄ ရက်၌ မီဒီယာကို အတည်ပြုပြောကြားခဲ့သည်။

Shahabuddin က အလွန်အမင်းနာမကျန်းမှုခံစားနေရကြောင်း ဖော်ပြလျက် ၎င်းလက်မှတ်ရေးထိုးထားသော ရာထူးမှနုတ်ထွက်စာကို လွှတ်တော်ဥက္ကဋ္ဌထံ ပေးအပ်ပြီးဖြစ်ကြောင်း သမ္မတပြန်ကြားရေးအတွင်းဝန် Md Sarwar Alam က ဆင်ဟွာကို အတည်ပြုပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်‌တော်ဥက္ကဋ္ဌသည် နိုင်ငံတော် အကြီးအကဲအသစ် ရွေးချယ်ပြီးချိန်အထိ သမ္မတတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“သမ္မတ Mohammed Shahabuddin က သူ့ရဲ့ရာထူးမှနုတ်ထွက်စာကို ဇူလိုင် ၂၄ ရက်က ကျွန်တော့်ဆီ ပေးအပ်ခဲ့ပါတယ်။ သူရာထူးကနုတ်ထွက်ပြီးတဲ့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတတာဝန်တွေကို ကျွန်တော် စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်” ဟု Ahmad က ဒါကာမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  (Xinhua)

………..

(English Version)

Daily World Briefing, July 25

Israeli military says preparing "extensive" operation in West Bank after deadly attack

The Israel Defense Forces (IDF) said Friday it was preparing an "extensive" operation in the West Bank following a deadly incident near the Palestinian village of Tell.

The IDF said in a statement its troops were preparing for an "extensive counterterrorism operational activity" in the area, adding that soldiers' weekend leave had been suspended and additional forces deployed across the sector.

Earlier in the day, the IDF said Palestinians attacked a group of Israeli hikers near Tell. The attackers seized the weapon of a member of the security forces at the scene and opened fire, according to the military. One Israeli was killed in the incident.

Meanwhile, Palestinian official news agency WAFA reported that four Palestinians were killed by Israeli forces during an attack by Israeli settlers on the village.

The IDF said it was reinforcing security ahead of the funeral of the Israeli victim to prevent confrontations between Israelis and Palestinians.


ICC Prosecutor Karim Khan removed from office over alleged sexual misconduct

International Criminal Court (ICC) member states on Friday voted to remove the court's Chief Prosecutor Karim Khan from office over alleged sexual misconduct, the court's oversight body announced.

The Assembly of States Parties (ASP) to the Rome Statute, the ICC's management oversight and legislative body, voted by 82 out of the 125 states parties in favor of Karim Khan's removal, ASP President Paivi Kaukoranta announced.


Houthi group vows response after Saudi-led strikes on Yemen's Hodeidah

Yemen's Houthi group vowed on Saturday to retaliate after Saudi-led coalition warplanes launched airstrikes on Houthi-controlled targets in the Red Sea province of Hodeidah.


Bangladesh parliament speaker assumes presidential duties after Shahabuddin resigns

The Bangladesh National Parliament Secretariat confirmed to the media on Friday that Parliament Speaker Hafiz Uddin Ahmad has begun discharging the functions of the president in accordance with the Constitution following the resignation of Mohammed Shahabuddin Chuppu.

Speaking to Xinhua, Md Sarwar Alam, press secretary to the president, confirmed that Shahabuddin had submitted his signed resignation letter to the speaker, citing serious illness.

Under the Bangladeshi Constitution, the speaker shall discharge the functions of the president until a new head of state is elected.

"President Mohammed Shahabuddin submitted his signed resignation letter to me on Friday. Following his resignation, I have begun discharging the functions of the president in accordance with the Constitution," Ahmad said at a press conference in Dhaka.