ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်ရှိ အမေရိကန်စစ်စခန်း Schwab အနီးဝန်းကျင်တွင် Henoko အခြေစိုက်စခန်း တည်ဆောက်မှုအား ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်ရှိ အမေရိကန်စစ်စခန်း Schwab အနီးဝန်းကျင်တွင် Henoko အခြေစိုက်စခန်း တည်ဆောက်မှုအား ကန့်ကွက်ကြောင်း ဆိုင်းဘုတ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင် ဂျီနိုဝမ်မြို့ လွှတ်တော်နှင့် ဒေသခံ စီးပွားရေးအုပ်စုများက ဇူလိုင် ၂၆ ရက်တွင် လူထုစုဝေးပွဲကျင်းပကာ ပူးတွဲကြေညာချက် ထုတ်ပြန်၍ ဂျပန်-အမေရိကန် နှစ်နိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ်၏ ဖူတန်မာ လေယာဉ်ကွင်းကို ပြန်လည်ပေးအပ်မည့် နောက်ဆုံးရက်ကို အတည်ပြုရန် တောင်းဆိုခဲ့ကြကြောင်း ဂျပန် Kyodo News က ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။

သတင်းအရ ထိုနေ့ ဂျီနိုဝမ်မြို့တွင် ကျင်းပသော လူထုစုဝေးပွဲ၌ နယ်ပယ်အသီးသီးမှ ပြည်သူလူထု ၁,၀၀၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ ဒေသခံ ပြည်သူများသည် အမေရိကန်စစ်လေယာဉ် မတော်တဆဖြစ်နိုင်ခြေ အန္တရာယ်များနှင့် ဆူညံသံ နှောင့်ယှက်မှုများကို ကာလရှည်ကြာစွာ ရင်ဆိုင်ခဲ့ရပြီး “သည်းခံနိုင်စွမ်းမှာ အတိုင်းထက်အလွန်ဖြစ်ခဲ့ပြီ” ဖြစ်ရာ ဖူတန်မာ လေယာဉ်ကွင်းကို အမြန်ဆုံး ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြပြီး ပြန်လည်ပေးအပ်မည့် နောက်ဆုံးရက်ကို အတည်ပြုပေးရန် အဆိုပါ ပူးတွဲကြေညာချက်တွင်  ထောက်ပြခဲ့သည်။

ဂျီနိုဝမ်မြို့တော်ဝန် Atsushi Sakima က ဂျပန်-အမေရိကန် နှစ်နိုင်ငံ အစိုးရ၏ ဖူတန်မာ လေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက်မှာ ယနေ့ဆိုလျှင် နှစ် ၃၀ ကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း၊ “ဒီလိုသာ ဆက်သွားမယ်ဆိုရင် နှစ် ၄၀ ကြာလည်း လေယာဉ်ကွင်းက ဆက်ရှိနေဦးမှာပဲ” ဟု ပြောကြားခဲ့သည်။ ဂျီနိုဝမ်မြို့သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် အိမ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံရှိ အမေရိကန်သံရုံးထံလည်း သက်ဆိုင်ရာ တောင်းဆိုချက်များ တင်သွင်းရန် စီစဉ်ထားသည်။

၁၉၉၆ ခုနှစ် ဂျပန်-အမေရိကန် နှစ်နိုင်ငံအစိုးရသည် ဖူတန်မာ လေယာဉ်ကွင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက် ရရှိခဲ့သည်။ ယင်းနောက် ဂျပန်အစိုးရသည် ဂျပန်နိုင်ငံရှိ အမေရိကန်စစ်တပ် လေယာဉ်ကွင်းကို Nago မြို့ Henoko ဒေသသို့ ပြောင်းရွှေ့ခဲ့ပြီး ပင်လယ်ပြင်မြေဖို့လုပ်ငန်းကို မြှင့်တင်လုပ်ဆောင်ခဲ့သော်လည်း ပြန်လည်ပေးအပ်မည့် လုပ်ငန်းစဉ်ကိုပင် ယနေ့တိုင် ပြီးစီးခြင်း မရှိသေးပေ။ အိုကီနာဝါ ဒေသခံပြည်သူများသည် ကာလရှည်ကြာစွာ အမေရိကန်စစ်အခြေစိုက်စခန်းမှ လေယာဉ်ဆူညံသံ၊ လုံခြုံရေး မတော်တဆမှု၊ အမေရိကန်စစ်တပ် ရာဇဝတ်မှု စသည့် ကိစ္စရပ် နှောင့်ယှက်မှုများ ခံစားခဲ့ကြရပြီး အမေရိကန်စစ်အခြေစိုက်စခန်းများကို အိုကီနာဝါခရိုင်မှ ပြောင်းရွှေ့သွားရန် တောင်းဆိုခဲ့ကြသည်။ (Xinhua)

...............................

(Chinese Version)

冲绳民众集会要求明确普天间机场归还期限

新华社东京7月26日电(记者梁晨 李子越)据日本共同社26日报道,日本冲绳县宜野湾市议会及当地经济团体当天举行集会并发表联合声明,要求日美两国政府明确驻日美军普天间机场的归还期限。  

报道说,约一千名各界民众参加了当天在宜野湾市举行的集会。联合声明指出,当地居民长期面临美军飞机事故风险和噪音侵扰,“忍耐已经超过极限”,要求尽快归还普天间机场并明确具体归还期限。  

宜野湾市长佐喜真淳说,日美两国政府就归还普天间机场达成协议至今已过去30年,“照这样下去,即使再过40年,机场也可能继续存在”。宜野湾市还计划向日本首相官邸、防卫省和美国驻日本大使馆提出相关要求。  

1996年,日美两国政府就归还普天间机场达成协议。日本政府此后决定将驻日美军机场迁至名护市边野古地区,并推进填海造地工程,但归还进程至今仍未完成。长期以来,冲绳民众饱受美军基地带来的飞机噪音、安全事故、美军犯罪等问题困扰,要求美军基地彻底迁出冲绳县。(完)

图说:这是2023年11月25日在日本冲绳县的美军施瓦布军营附近拍摄的抗议边野古基地建设的标牌。新华社记者冯武勇摄